[၂၄၈] ရှုံးနိမ့်သွားသောမာရှယ်။

1.3K 281 6
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၂၆)ဇာတ်သိမ်းပိုင်း။

သူဖုန်းချလိုက်တာကို​မြင်လိုက်ရတော့ဟော့ရှီစစ်မသိမသာတောင့်ခဲသွားရပြီးမှထပ်နှိပ်ခေါ်လိုက်ပေမဲ့ဖုန်းပိတ်လိုက်ပြီဆိုတာကိုသာကြားလိုက်ရသည်။

သူလမ်းပျောက်သွားရကာခုနကလင်ခုံးလုပြောသွားတာကိုမြင်လိုက်ရချိန်မှာသူ့မျက်နှာရုတ်ခြည်းမည်းသွားရသည်။

"ငြင်းလိုက်မယ်"ဆိုတာကဘာကိုပြောချင်တာလဲ။

ဒါပေါ့သူလင်ခုံးလုစကားများ၏စစ်မှန်မှုကိုသူသံသယဝင်တာမဟုတ်ဘဲတစ်ဖက်လူကျားလိ၏ကိုယ်လုပ်တော်ရွေးချယ်ခိုင်းသည့်ထင်မြင်ချက်ကိုငြင်းပယ်ခဲ့ရင်တောင် ခိုင်ချန့်၊ ပုရွက်ဆိတ်ဘုရင်မနှင့်အခြားဇာ့ဂျ်များကအထီးလေးကိုနန်းတော်ထဲတည့်တိုးပို့လိုက်မည်ဟုသူသံသယဝင်လိုက်မိသည်။

လင်ခုံးလုထင်ထားတဲ့အတိုင်းပင်၊ ဟော့ရှီစစ်ဒီတိုင်းထိုင်မနေနိုင်။ သူတစ်ညလုံးအစည်းအဝေးလုပ်ကာသူ့အလုပ်ကိုခွဲပြီးအခြားသူများကိုတာဝန်ယူခိုင်းလိုက်သည်။ တစ်ချိန်တည်း၌ သူဇာ့ဂျ်များနှင့်စီးပွားရေးကိစ္စကိုဆွေးနွေးခဲ့သည်။

ဒီကိစ္စကိုပြောရရင် စစ်ပြေငြိမ်းရေးသဘောတူညီချက်မရှိရင် သေချာပေါက်ဆန့်ကျင်မှုရှိမှာမဟုတ်ပေ။ ဒါပေမဲ့စစ်ပြေငြိမ်းရေးသဘောတူညီချက်အပြီးမှာ မတိုက်ခိုက်ရန်အတွက်ကူးသန်းရောင်းဝယ်ရေးကလက်ခံလို့ရနိုင်သည်ဟုလူအများစုကတွေးကြသည်။

ဟော့ရှီစစ်၏ဒီရက်ပိုင်းမြင့်မားသောဂုဏ်သတင်းနှင့်အတူ သူကအတတ်နိုင်ဆုံးကြိုးစားနားချလိုက်တော့ နောက်ဆုံးမှာအစည်းအဝေးအဆုံးသတ်သွားကာ ဇာ့ဂျ်နှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ဖို့သဘောတူလာကြသည်။

ဟော့ရှီစစ်တစ်ညလုံးမအိပ်ခဲ့ပေ။ နောက်တစ်နေ့မနက်မိုးလင်းခါနီးမှာ သူကကူးသန်းရောင်းဝယ်ရေးညှိနှိုင်းဆွေးနွေးမည့်အဖွဲ့ကိုတာ့ဂလက်စီ၏ရှေ့တန်းဆီခေါ်သွားပြီး သဘော်ပေါ်မှာအနားယူလိုက်သည်။

ထိုညမှာဟော့ရှီစစ်ကနယ်စပ်ကိုရောက်လာပြီး ဇာ့ဂျ်တပ်နှင့်ဆက်သွယ်နေသည့်သတင်းကိုလင်ခုံးလုရလိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now