[၂၁၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.5K 355 10
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၂၆)။

လင်ခုံးလုထိုသို့ပြောလိုက်တော့ လောကကြီးတစ်ခုလုံးရပ်တန့်သွားသည်ဟုသူခံစားလိုက်ရသည်။

ရွှီယန့်ကိုယ်ကတောင့်ခဲသွားပြီး ပတ်ဝန်းကျင်အပူချိန်မှာလျော့ကျသွားပုံပေါ်တာကိုသူသေချာသတိထားမိလိုက်သည်။ အခန်းမှာအလွန်တိတ်ဆိတ်သွားပြီး သူတို့အသက်ရှုသံကိုသာကြားရသည်။ တစ်ယောက်ကသတိထားနေကာ လေပင်မရှူထုတ်ရဲအောင်ဖြစ်နေပြီး နောက်တစ်​ယောက်မှာတော့ထုံထိုင်းကာစိတ်ဖိစီးနေပုံမှာ မုန်တိုင်းလာနေသည့်အလား။

လင်ခုံးလုမျက်စိအသာဖွင့်ကြည့်မိတော့ရွှီယန့်ကသူ့ကိုစိုက်ကြည့်နေပြီး သူဟာမျက်နှာသေဖြင့်ဆိုပေမဲ့သူ့မျက်လုံးများကတော့သူ့ကိုလည်ပင်းညှစ်သတ်ချင်နေပုံဖြစ်နေတာကိုမြင်လိုက်ရသည်။

သူအလွန်ကြောက်လန့်သွားပြီးသူ့မျက်စိမှိတ်ချလိုက်ပုံမှာ အမှားတစ်ခုခုလုပ်ပြီးနောက်ခေါင်းလေးကျုံ့ဝင်သွားသည့်ကြောင်လေးပမာ။

အချိန်ဘယ်လောက်ကြာသွားမှန်းမသိ၊ ရွှီယန့်တစ်ယောက်သူ့အကျီကိုစုတ်ဖြဲပစ်ပြီး သူ၏ကျုံ့ထားသောခြေလက်များကိုဆန့်ကာ သူ့ကိုကုတင်ပေါ်ဖိချလိမ့်မည်ဟုသူတွေးလိုက်မိရုံသာရှိသေး၊ ရွှီယန့်ကရုတ်တရက်သူ့လက်ကောက်ဝတ်ကိုကိုင်ထားသည့်လက်ကိုပြန်ရုတ်လိုက်ပြီး သူ့ဒေါသကိုပုံချသည့်အလား သူ့​ခြေချောင်းများကိုခပ်ပြင်းပြင်းညှစ်လိုက်သည်။

"အာ့။" လင်ခုံးလုချက်ချင်းနာကျင်တကြီးအော်လိုက်မိပြီး မျက်ရည်များပြည့်နေသည့်သူ၏လှပသောမျက်ဝန်းတစ်စုံကိုဖွင့်လိုက်သည်။

ရွှီယန့်ကမျက်နှာသေဖြင့်"မင်းကထိုက်တန်တယ်"ဟုပြောကာ ရုတ်ခြည်းကုတင်ပေါ်ကထပြီး ရေချိုးခန်းဆီခပ်မြန်မြန်လျှောက်ဝင်သွားသည်။

လင်ခုံးလု: "....."

သူခပ်မြန်မြန်ထထိုင်ကာသူ၏သနားစရာခြေချောင်းလေးများကိုပွတ်သပ်လိုက်မိပြီးမှရေချိုးခန်းထဲတစ်ချက်ခိုးကြည့်ကာစနစ်ကိုမေးလိုက်သည်။
"သူပါးစပ်တကယ်သွားဆေးနေတာလား။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now