[၂၁၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.4K 361 5
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၂၉)။

"မင်းတို့ဘာလို့ဒီရောက်နေတာလဲ။ ရွှီယန့်ဘယ်မှာလဲ။"
လင်ခုံးလုအံ့သြတကြီးမေးလိုက်မိသည်။

ကစားသမားများချက်ချင်းအသိပြန်ဝင်လာပြီး ယွမ်ရှီးချွမ်းကအလျင်စလိုပြောလာသည်။
"သခင်လေး၊ မြန်မြန်လုပ်၊ တအားနောက်ကျသွားရင်ထွက်သွားနိုင်မှာမဟုတ်ဘူး။"

သူတို့တာဝန်ခွဲဝေမှုကရှင်းသည်။ ကောယွိကလေကိုစောင့်ကြည့်နေတယ်၊ ယန်ဖုန်းနှင့်ကျိချင်းချင်းကတံခါးစောင့်နေတယ်၊ ဟွမ်ကျားဝမ်နှင့်ဝမ်ရန်ကသူတို့ကုတ်အကျီရအောင်ကူညီပေးတယ်၊ ယွမ်ရှီးချွမ်းကလင်ခုံးလုကိုဆွဲခေါ်ရန်တည့်တိုးရှေ့တိုးလိုက်သည်။

လင်ခုံးလုအလိုလိုပြန်ရုတ်ကာအလျင်စလိုမေးလိုက်မိသည်။
"ဘယ်သွားရမှာလဲ။ မသွားဘူး၊ ငါမသွားဘူး!"

သို့သော်လည်းအချိန်မရှိတာမို့ ယွမ်ရှီးချွမ်းမှာဖြည်းဖြည်းချင်းရှင်းပြနေဖို့အချိန်မရှိပေ။ သူသူ့ကိုလှမ်းဆွဲကာခပ်ပြတ်ပြတ်ပြောလိုက်ရသည်။
"ရွှီယန့်ကိုစုန့်လင်ကမျှားခေါ်သွားပေမဲ့အချိန်မရွေးပြန်လာနိုင်တယ်၊ ကျွန်တော်တို့နဲ့လိုက်ခဲ့နော်။"

လင်ခုံးလုရှော့ခ်ရသွားကာတွေးလိုက်မိသည်: ငါတကယ်မင်းနောက်လိုက်သွားရင် ရွှီရှောင်ဟွားရဲ့မကောင်းတဲ့စိတ်တန်ဖိုးကကောင်းကင်ပေါ်မှာပေါက်ကွဲသွားမှာမဟုတ်ဘူးလား။

သူအလျင်စလိုအနောက်ဆုတ်ကာ ယွမ်ရှီးချွမ်း၏လက်ထဲကခပ်ပြင်းပြင်းရုန်းထွက်ပြီး ခေါင်းခါကာပြောလိုက်သည်။
"မသွားဘူး၊ ငါမသွားဘူး၊ ငါသူ့ကိုသဘောကျတယ်၊ ငါသူနဲ့အတူရှိချင်တယ်။"

သူဒါကို​ပြောလိုက်သည်နှင့် ယွမ်ရှီးချွမ်းနှင့်အခြားသူများကသူ့ကိုကြည့်လာကြပြီး သူတို့မျက်လုံးများမှာလူနာကိုကြည့်သည့်အလားသနားစာနာစိတ်အပြည့်ပင်။

"သခင်လေး၊ သူကမင်းကိုလက်စားချေနေတာနော်။"

"ဒီမှာနေတာအန္တရာယ်များတယ်။"

"အသက်ထက်ပိုအရေးကြီးတာမရှိဘူး။ အရင်ထွက်သွားကြရအောင်။"

သူတို့အကောင်းဆုံးကြိုးစားကာသူ့ကိုစည်းရုံးပြီး သူ့ကိုဆက်ခေါ်သွားလိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now