[၁၉၇] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.6K 361 5
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၁၂)။

ယန်ဖုန်းမှာဒါကသခင်လေးသူ့ကိုဖြတ်ခိုင်းတာမဟုတ်မှန်းသိနေသဖြင့် ချောင်းအသာဟမ့်ကာ တဝိုးတဝါးပြောလိုက်သည်။
"ကျွန်တော်ကသူအရမ်းသဘောကျပုံရတယ်ထင်လို့ပါ။"

လင်ခုံးလု၏အမိန့်မဟုတ်မှန်းသိသွားတော့ ရွှီယန်၏မျက်နှာမသိမသာပျော့ပြောင်းသွားပေမဲ့ ယန်ဖုန်း၏"တောင်းဆိုနေသော"အပြုအမူကိုမြင်တော့ သူ့မျက်နှာထားအနည်းငယ်မည်းမှောင်လာသည်။

"မလိုဘူး၊ ငါသူ့ကိုသွားပေးလိုက်မယ်။"
သူယန်ဖုန်းလက်ထဲမှပန်းနှစ်ပွင့်ကိုတိုက်ရိုက်ဆွဲယူလိုက်ပြီး တန့်သွားကာသူနှင့်အတူကတ်ကြေးကိုပါယူလိုက်ပြီး သတိပေးချက်နှင့်ပြောလိုက်သည်။
"သခင်လေးကငါ့ကိုရဲတိုက်ထဲကနှင်းဆီပန်းတွေကိုဂရုစိုက်ခိုင်းထားတာ၊ ငါနဲ့သူကလွဲရင် အခြားဘယ်သူကမှဖြတ်လို့မရဘူး။ နားလည်လား။"

အရင်ဘဝကဒီကစားသမားရှောင်လုနားချဥ်းကပ်လာတာကိုသူလုံးဝမမြင်ဖူးဘူး။ သူတစ်ခုခုလွဲသွားတာများလား။

ဒါကိုတွေးမိတော့ရွှီယန့်၏မျက်လုံးမှာရေခဲတမျှ​​အေးစက်သွားပြီး လူသတ်လိုသောအရိပ်အ​ယောင်အမှန်တကယ်ပေါ်လာသည်။

ဂိမ်းကမ္ဘာများစွာကိုဖြတ်ကျော်ဖူးသည့်Sအဆင့်ကစားသမားယန်ဖုန်းဟာဒီအခိုက်အတန့်မှာသူ့မျက်လုံးများကြောင့်မိန်းမောသွားပြီး ဘာတုံ့ပြန်မှုမရှိဘဲသူ့လက်များထဲကပန်းနှင့်ကတ်ကြေးကိုယူသွားခွင့်ပြုလိုက်မိသည်။

သိသိသာသာကိုတစ်ဖက်လူနှင့်ပတ်သတ်ပြီးထူးခြားတာမရှိပေ။ သူ၏ချောမောသောရုပ်ရည်မှအပ သူ၏အရှိန်အဝါမှာပုံမှန်လူတစ်ယောက်လိုမျိုးပင်။ အများဆုံးသူ့မျက်လုံးများကတစ်ခါတရံစူးရှခက်ထန်နေတတ်သည်။

ယန်ဖုန်းမျက်မှောင်ကြုတ်မိပြီး သူထွက်သွားသည်နှင့်မနေနိုင်ဘဲနောက်တစ်ချက်လှမ်းကြည့်လိုက်မိသည်။

*

ရွှီယန့်ကရေစက်များစိုနေသေးသည့်လက်တစ်ဆုပ်စာနှင်းဆီပန်းများကိုဖြတ်ကာ ၎င်းတို့ကိုသေချာဂရုစိုက်ပြီး လင်ခုံးလုကိုပေးလိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now