[၂၃၀] ရှုံးနိမ့်သွားသောမာရှယ်။

1.1K 286 7
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၈)။

အခန်းထဲကလေထုမှာတန့်သွားပြန်သည်။ ဟဲ့ရှောင်းနှင့်ဝမ်းဟောင်ယွိတို့နှစ်ယောက်လုံးစိုးရိမ်လာကာ ဟော့ရှီစစ်ကိုယ်စားချွေးပြန်လာသည်။

လင်ခုံးလု၏နှုတ်ခမ်းနှင့်မျက်ဝန်းထဲမှာအပြုဲးတစ်ပွင့်ရှိနေသော်လည်း ဒီအခိုက်အတန့်၌ သူတို့အမြင်မှာသိသိသာသာကိုလှောင်ပြုံးဖြစ်ပြီး မုန်တိုင်းလာနေသည့်လက္ခဏာဖြစ်သည်။

အဆိုးဆုံးအရာဖြစ်သွားပြီဆိုတော့မာရှယ်ချက်ချင်းအစားခံရတော့မှာလား။ သူတို့ချက်ချင်းကွပ်မျက်ခံရတော့မှာလား။

လင်ခုံးလုကဟော့ရှီစစ်၏မျက်ဝန်းထဲစိုက်ကြည့်လို့နေသည်။ တစ်ဖက်လူကနှုတ်ဆိတ်နေသေးတာမြင်တော့ သူဆက်သွယ်ရေးစက်ချိန်းကြိုးကိုသူ့လက်ချောင်းထိပ်များနှင့်အသာရစ်ပတ်ကာ တစ်ဖက်လူ၏မျက်လုံးရှေ့မှာကိုင်ပြီး အပြုံးလေးနှင့်ဆက်ပြောလိုက်သည်။
"မာရှယ့်မှာရှင်းပြစရာဘာမှမရှိဘူးလား။"

ဟော့ရှီစစ်၏အပြာရင့်ရောင်မျက်ဝန်းများမှာလေပြင်းကြောင့်လှုပ်ခတ်သွားသည့်ပင်လယ်ပြင်နှင့်တူနေပေမဲ့ခဏကြာတော့မုန်တိုင်းသွေဖည်သွားသည်။ သူတဖြည်းဖြည်းချင်းအကြည့်လွှဲကာတည်ငြိမ်သော​လေသံဖြင့်ပြောလိုက်သည်။
"ခုနကသခင်​လေးသီအန်းဒီကိုရောက်လာတုန်းကမတော်တဆပြုတ်ကျခဲ့တာ။ ကျွန်တော်ဝမ်းဟောင်ယွိကိုပြန်ပေးခိုင်းမလို့လုပ်နေတာ။"

ဘယ်သူမှဒါကိုမယုံပေမဲ့အမှားရှာမရပေ။

သီအန်းကစောင့်ကြည့်ကင်မရာကွယ်နေသည့်ထောင့်ချိုးမှာပုန်းခိုဖို့ရွေးချယ်ခဲ့သည်။ ထို့အပြင်ထိုအချိန်ကလင်ခုံးလုလည်းထိုနေရာမှာရှိနေခဲ့ပြီး ဟော့ရှီစစ်ဆက်သွယ်ရေးစက်ကိုဘယ်လိုယူလိုက်လဲဆိုတာမမြင်လိုက်ပေ။ စောင့်ကြည့်ကင်မရာရှိရင်တောင်ဘာကိုဖမ်းမိမှာတုန်း?

ဆက်သွယ်ရေးစက်မှတ်တမ်းကိုတော့ဟော့ရှီစစ်ကဖျက်ပြီးလောက်ပြီ။ ဒီအချိန်မှာထန်မင်ခွင်းကစာပြန်လာရင်တောင် ကုတ်မက်ဆေ့ချ်ဖြစ်နေမှာဆိုတော့ အကြောင်းအရာ၊ တည်နေရာနှင့်အရင်းအမြစ်ကိုရှာလို့မရဘူး။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now