[၂၀၁] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.5K 346 2
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၁၆)။

ကစားသမားများမှာမနေ့ကလူတစ်​ယောက်မှမသေမှန်းသိလိုက်ရတော့အလွန်အံ့သြသွားကြသည်။

သို့သော်မွန်းတည့်ချိန်မှာ အိမ်တော်ထိန်းကိုမျက်နှာဖြတ်ရိုက်သည့်အလား နောက်ထပ်သေဆုံးမှုသတင်းရောက်လာသည်။

ဒီတစ်ခေါက်ကနေ့ဘက်မှာဖြစ်ပြီး သေဆုံးသူကအိမ်မှာတစ်မှေးအိပ်နေပေမဲ့ တစ်မျိုးတစ်ဖုံဖြင့်ကမ်းစပ်ဆီဆွဲခေါ်ခံသွားရကာအသတ်ခံလိုက်ရခြင်းပင်။

သတင်းထွက်လာသည်နှင့် ကျွန်းပေါ်ကလူများမှာပို၍ပင်ထိတ်လန့်သွားကြသည်။

ဒီတော့နေ့ဘက်အိမ်မှာပုန်းနေတာကမလုံခြုံဘူးပေါ့?

ထိုစဥ်ကစားသမားများကသတင်းသွားမေးတော့ ကျွန်းသူကျွန်းသားများမှာမျက်လုံးများလက်ခနဲဖြစ်သွားပြီးစကားပြောရန်တုံ့ဆိုင်းသွားပုံမှာ သူတို့တစ်ခုခုပြောချင်နေသည့်အလားပင်။

သို့သော်ဟယ်ခွင်းကလူတို့ကိုဦးဆောင်ကာကင်းလှည့်လာသဖြင့် ဘယ်သူကမှစကားမပြောရဲတော့။

"ငါ့အထင်သိပ်မကြာခင်မေးခွန်းမေးလို့ရပါလိမ့်မယ်။"
ယွမ်ရှီးချွမ်းကလူတိုင်းကိုနှစ်သိမ့်ပေးလာသည်။
"ဒီလိုတင်းမာပြီးမသက်မသာလေထုထဲမှာ ကျွန်းသူကျွန်းသားတွေရဲ့စိတ်ရှည်မှုကအကန့်အသတ်ရှိတယ်၊ အနှေးနဲ့အမြန်သူတို့တွေပေါက်ကွဲထွက်လာလိမ့်မယ်။"

"ငါတို့မနက်ဖြန်တစ်ခုခုမေးလို့ရလောက်တယ်။"
သူသေချာပြောလိုက်သည်။

သို့သော်နောက်တစ်နေ့၊ ကျွန်းသူကျွန်းသားသုံးယောက်ဆက်တိုက်သေဆုံးပြီးလေးရက်မြောက်နေ့မှာ ကျွန်းကရုတ်တရက်အေးချမ်းသွားပြီး အသေအပျောက်မရှိကြတော့ပေ။

ကျွန်းသူကျွန်းသားများကပင်လယ်မကောင်းဆိုးဝါးများအကြောင်းတစ်ဖန်စည်းစောင်းသွားကြပြန်သည်။

ကစားသမားများမှာဇဝေဇဝါဖြစ်သွားမိသည်။

ငါးရက်မြောက်နေ့မနက်မှာ အသေအပျောက်သတင်းမရှိတုန်းပင်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now