[၂၄၅] ရှုံးနိမ့်သွားသောမာရှယ်။

1.3K 270 6
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၂၃)။

ဟော့ရှီစစ်တစ်ယောက်လင်ခုံးလုကိုသူ့နားနေခန်းဆီခေါ်သွားချိန် သူပင်မထိန်းချုပ်ရေးအခန်းဘေးကဖြတ်သွားတော့ ဟဲ့ရှောင်းနှင့်ထန်းမင်ခွင်းနှင့်ဆုံသည်။

သူတို့နှစ်ယောက်လုံးမှာဟော့ရှီစစ်၏လူယုံများဖြစ်ပြီး ချောင်းအာကစပိုင်မှန်းသိကြသည်။ သူတို့အတူလျှောက်လာပြီးစကားပြောရင်းရယ်မောနေပုံရတာကိုမြင်လိုက်ရတော့သူတို့ရှော့ခ်ရသွားသည်။

အထူးသဖြင့်ဟော့ရှီစစ်၊ ဟဲ့ရှောင်း၏အမြင်မှာ သူ့မျက်လုံးများကချောင်းအာအပေါ်ကျရောက်နေခဲ့ပြီး သူ့မျက်ဝန်းထဲမှာအလင်းရောင်တစ်စရှိနေပုံပင်။

ထန်းမင်ခွင်းမှာပို၍ပင်ဇဝေဇဝါဖြစ်သွားရကာမေးလိုက်မိသည်။
"မာရှယ် ဒါက...."

ဟော့ရှီစစ်မသိမသာတန့်သွားကာတည်ငြိမ်စွာရှင်းပြလိုက်သည်။
"ငါမင်းတို့ကိုဖုံးကွယ်ထားခဲ့တာတစ်ခုရှိတယ်။ တကယ်တော့....ချောင်းအာကနှစ်ထပ်အေးဂျင့်ပဲ။"

ဟဲ့ရှောင်းနှင့်ထန်းမင်ခွင်း: ဟေ?

ဟော့ရှီစစ်ချောင်းအသာဟမ့်ကာဆက်ပြောလိုက်သည်။
"သူကအန်ဒရီလက်အောက်ကစပိုင်တွေထဲမှာငါစီစဥ်ထားခဲ့တဲ့စပိုင်ပဲ။ မဟုတ်ရင်ငါအဲ့စပိုင်တွေအကုန်လုံးကိုအလွယ်လေးဖော်ထုတ်နိုင်မယ်ထင်နေတာလား။"

ဟဲ့ရှောင်းနှင့်ထန်းမင်ခွင်း: "....." မင်းကအမြင်စူးရှတဲ့လူတစ်ယောက်မဟုတ်ဘူးလား။

"ဘာပဲဖြစ်ဖြစ်ပါ၊ အခုဆိုသူအဖွဲ့ကိုပြန်လာပြီဆိုတော့သိပ်အများကြီးစဥ်းစားမနေနဲ့တော့။"
ဟော့ရှီစစ်မျက်နှာထားမပြောင်းဘဲဆက်ပြောလိုက်သည်။

လင်ခုံးလုမှာအရေထူသော်လည်း ဒါကိုကြားတော့မနေနိုင်ဘဲအပြစ်ရှိစိတ်ခံစားလိုက်ရသည်။

သို့သော်လည်းသူအရင်ဘဝကအဖမ်းခံရပြီးနောက်မှာဇာတ်ကြောင်းအရအန်ဒရီ၏စပိုင်အများအပြားကိုဖော်ထုတ်ခဲ့တာမို့ဟော့ရှီစစ်ပြောတာက....အကုန်လုံးအလိမ်အညာကြီးတော့မဟုတ်ပေ။

ဒီလိုတွေးကြည့်လိုက်တော့သူအပြစ်ရှိစိတ်ခံစားရတော့ပုံမပေါ်ဘဲ သူပြုံးကာဟဲ့ရှောင်းနှင့်ထန်းမင်ခွင်းကိုနှုတ်ဆက်လိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now