Part.16 (Unicode)

1.5K 57 2
                                    

နက္ခတ်မိခင်ဖြစ်သူ၏ အခြေအနေကိုအကဲခတ်နေမိသည်။ သူ့ကိုတစ်လှည့် ညီမင်းယံကိုတစ်လှည့်စီကြည့်နေရာကနေ နားလည်သဘောပေါက်စွာနဲ့ ခေါင်းညိတ်ပြလာသည်။

" ဒါကသားရဲ့အိမ်ထောင်ဖက်အမျိုးသားပါမေမေ။ "

နက္ခတ်ကောင်လေးရဲ့လက်ဖဝါးကိုဆုပ်ကိုင်ပြီး မိခင်ဖြစ်သူကို အရဲစွန့်ကာပြောလိုက်တယ်။

" ငါ့သားပျော်ရွှင်နေလား။ "

ဒေါ်သက်နှင်းသားဖြစ်သူမျက်နာကိုစိုက်ကြည့်ပြီးမေးလိုက်တယ်။

" ဟုတ်မေမေ။ သားသူ့ကိုတစ်ဘဝစာလုံးအတွက်ရည်ရွယ်ပြီး လက်ထပ်ခဲ့တာ။ "

" မေမေမေးတာက ငါ့သားသူနဲ့နေရတာပျော်ရွှင်လား။ သူ့ကိုချစ်လားလို့မေးတာ။ "

" ဟုတ်ကဲ့။ သားပျော်ရွှင်ရတယ်။ နောက်ပြီးသားကောင်လေးကိုချစ်တယ်။ "

ညီမင်းယံမျက်ဝန်းတွေကိုစိုက်ကြည့်ပြီး နက္ခတ်ပြောလိုက်တော့ ကောင်လေးကပြုံးရှာသည်။ ကောင်လေးရဲ့မျက်ဝန်းတွေမှာ သူ့ရဲ့အဖြေကိုစောင့်စားမျှော်လင့်ဟန်အပြည့်ရှိနေသည်။ ဒီကောင်လေးနဲ့မှ သူ့အချစ်တွေဖြစ်ပေါ်လာခဲ့တာလို့ဆိုရင် ပိုတယ်လို့ပြောမလား။ ကောင်လေးကိုမြတ်နိုးမိခြင်းက တနေ့ထက်တစ်နေ့ပိုတိုးလာခဲ့တာကို နက္ခတ်သာအသိဆုံးမဟုတ်လား။

" ဒါဆိုသားငယ်လေးကိုအမေကမေးမယ်ဆိုရင်ကော သားငယ်လေးကဖြေပေးနိုင်မလား။ "

" ဟုတ်ကဲ့ဖြေပေးနိုင်ပါတယ်အဒေါ်။ "

" သားငယ်လေးကကော မေမေ့သားနက္ခတ်ကိုချစ်လား။ သားငယ်ထည့်တွက်ရမှာက အသက်ကွာဟချက်၊ နောက်ပြီးမျိုးတူယောကျ်ားတစ်ယောက်၊ နောက်ဆုံးအချက်ကတော့အရေးကြီးဆုံးပဲ။ အဲ့တာက မေမေ့ရဲ့သားအပေါ်မှာမပြောင်းလဲတဲ့အချစ်တွေနဲ့ဆက်ချစ်ပေးနိုင်မလားဆိုတာပဲ။ "

ဒေါ်သက်နှင်းတစ်ယောက် သူမရှေ့မှာရှိတဲ့ သားဖြစ်သူရဲ့အိမ်ထောင်ရှင်လေးကို မမှိတ်မသုံစိုက်ကြည့်ကာမေးလိုက်တယ်။

" ဦးကိုက ကျွန်တော့်ရဲ့ကယ်တင်ရှင်ဖြစ်ခဲ့တာပါအဒေါ်။ ကျွန်တော့်ဘက်ကစချစ်ခဲ့ပြီး၊ ကျွန်တော့်ဘက်က စတင်ပျော်ဝင်ခဲ့တာမို့ မပြောင်းလဲတဲ့အချစ်တွေနဲ့ဦးကိုအနားမှာအမြဲရှိနေပေးပြီးချစ်နေမှာပါ။ ဦးကိုဘက်ကလမ်းခွဲမယ်ပြောရင်တောင် ကျွန်တော့်ဘက်ကမပြောင်းလဲပဲဆက်ချစ်နေအုံးမှာ။ ဒီဘဝမှာတင်မဟုတ်ဘူး နောက်ဘဝတွေရှိခဲ့မယ်ဆိုရင်တောင် ဦးကိုနဲ့ပဲထပ်ချစ်နေအုံးမယ်။ "

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now