Part.18 (Unicode)

1.9K 69 2
                                    

" မေမေ "

ဒေါ်သက်နှင်းတစ်ယောက် ဘုရားရှီခိုးပြီးလို့ ပခုံးပေါ်ကတဘတ်ကလေးကိုခေါက်ကာနေတုန်း သား၏ခေါ်သံကြောင့် နောက်ကိုလှည့်ကြည့်မိသည်။ သားနှစ်ယောက်၏မျက်နာကို သူ(မ)အကဲခတ်မိသည်။ သားနှစ်ယောက်သူ(မ)ကိုတစ်ခုခုပြောချင်နေပုံရသည်။

" သားတို့ဘာပြောမို့လဲ။ "

" ဟိုလေအမေ အင်း..."

" ပြောမှာသာပြောစမ်းပါဟယ်။ စကားတွေဘာတွေခံမနေနဲ့တော့။ "

အမေ့ရဲ့အပြော​ကြောင့် နက္ခတ်အကြည့်တို့ကညီမင်းယံဆီကိုကျရောက်လို့သွားတော့သည်။

" ဒီလိုပါအမေ။ အမေကျွန်တော်တို့နဲ့ရန်ကုန်ကိုလိုက်ခဲ့ပါ့လား။ ဒီမှာအမေတစ်ယောက်ထဲဆိုတော့ စိတ်မချလို့။ ဟိုမှာဆိုသားလဲရှိနေတော့ အမေ့ကိုအနီးကပ်ပြုစုလို့ရတာပေါ့လေ။ "

ဒေါ်သက်နှင်းသားနှစ်ယောက်ရဲ့စေတနာကိုအသိအမှတ်ပြုကာ ခေါင်းတညိတ်ညိတ်လုပ်ရင်း

" သားတို့ကိုအမေပြောပြီးပါကော။ အမေကသားကိုစောင့်နေတာ။ သားပြန်ရောက်လာတဲ့အချိန်ကျ အမေမရှိရင် မတွေ့ခဲ့ရင်စိတ်ပူနေမှာဆိုးလို့လေ။ သားပြန်ရောက်လာရင် အမေ့မှာရှိတဲ့ပိုင်ဆိုင်မှု့တွေကို သားကိုလွှဲပြီး အမေကသာသနာ့ဘောင်ကိုအပြီးတိုင်ဝင်တော့မယ်လို့ ဆုံးဖြတ်ထားပြီးသားလို့ပြောထားတယ်လေ။ အခုသားလဲရောက်ပြီ သားရဲ့အိမ်ထောင်ဖက်အမျိုးသားလဲရှိနေပြီမို့ အမေသာသနာ့ဘောင်မှာပဲ ပျော်မွေ့တော့မှာ။ အမေမင်းတို့နဲ့မလိုက်တော့ဘူးရယ်။ သားငယ်လေးရဲ့မိခင်လဲရှိသေးတော့ သားငယ်လေးရဲ့မိခင်ကို ကိုယ့်ရဲ့မိခင်လိုပြုစုစောင့်ရှောက်ကြပေါ့လေ။ "

ဒေါ်သက်နှင်းသားနှစ်ယောက်ကို စကားတွေတသီကြီးပြောကာနားချရတော့သည်။ တစ်ချိန်မှာသူမရဲ့သားနက္ခတ်ပြန်ရောက်လာမယ်လို့ယုံကြည်ထားခဲ့တာ အခုတော့သားကပြန်ရောက်လာခဲ့ပြီလေ။ သူမတွေးထားခဲ့သလို သာသနာ့ဘောင်မှာပဲအပြီးတိုင်နေတော့မည်ဖြစ်သည်။ ဒါကလဲသူ(မ)သားအပေါ်မှာမလုပ်သင့်ခဲ့တဲ့အမှားတစ်ခုကြောင့်ပင်ဖြစ်သည်။ ဒေါ်သက်နှင်းသားနှစ်ယောက်ကို သူမရင်ခွင်ထဲထည့်ကာထွေးဖက်ထားမိသည်။ သားကသူ(မ)ဆီကိုပြန်လာခဲ့တာနဲ့တင်အများကြီးဝမ်းသာနေမိခဲ့တာမဟုတ်လား။ သူမဒီတသက်သားဖြစ်သူမျက်နာကိုတောင် မတွေ့ရတော့ဘူးထင်ခဲ့မိတာလေ။

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now