Part.20 (Unicode)

1.9K 63 0
                                    

" ဦးကိုရေ ဦးကို။ "

ညီမင်းယံအမောတကောနဲ့ ခြံထဲကိုပြေးဝင်လာခဲ့ပေမယ့် ဦးကိုရဲ့ထူးသံကပေါ်မလာခဲ့။ ထိုအစားကောင်လေးတွေရဲ့ဖြေသံကိုသာကြားရပါသည်။

" ဦးနက္ခတ်အပြင်သွားတယ်ကိုကြီးညီမင်းယံ။ "

ညီမင်းယံကောင်လေးတွေအပြောကြောင့် ငေးငိုင်သွားရသည်။ စျေးကအပြန်ကြားလာရတဲ့သတင်းကောင်းကြောင့် ဦးကိုသိအောင်အမြန်ပြန်လာပြောမှဦးကိုကမရှိနေခဲ့။

" ဘာဖြစ်လာလို့လဲဟင်ကိုကြီးညီမင်းယံ။ ကျွန်တော်တို့ဖုန်းဆက်ပေးရမလား။ အရမ်းအရေးကြီးရင်လေ။ "

" ရတယ်။ ရတယ်။ အရမ်းအရေးမကြီးဘူး။ လုပ်စရာရှိတာသာလုပ်ကြ။ "

ဒီနှစ်ထဲမှာဦးကိုရဲ့ကားဝပ်ရှော့လုပ်ငန်းကပိုအောင်မြင်လာခဲ့တာမို့ ဦးကိုအတွက်နားချိန်ကသိပ်မရှိ။ ခေါ်ထားတဲ့ကောင်လေးတွေက အသစ်တွေလဲရှိသလို၊ သူတို့ဆီမှာရောက်နေတာကြာခဲ့ပြီဖြစ်တဲ့ကလေးတွေလဲရှိသည်။ ဦးကိုက,ကလေးတွေကိုသိပ်စိတ်မချတာမို့ လိုအပ်တဲ့ပစ္စည်းတွေကို ကလေးနှစ်ယောက်လောက်ခေါ်ပြီး ကိုယ်တိုင်သွားဝယ်လေ့ရှိသည်။

ညရောက်မှသာနားချိန်ရှိတဲ့ဦးကိုက သူ့အနားတော့မရမကကပ်တာပါသေးတယ်။
ညီမင်းယံအိမ်ပေါ်ကိုရောက်တော့ ဝယ်လာတဲ့ပစ္စည်းတွေကိုနေရာချလို့။ လုပ်စရာရှိတာကိုသာဆက်လုပ်နေမိသည်။ အမေကတော့ဘုန်းကြီးကျောင်းကိုသွားလို့ ကလေးတွေကလဲလုပ်စရာရှိတဲ့အလုပ်တွေကိုသာလုပ်နေကြသည်။
ညီမင်းယံကွန်ပြူတာသင်တန်းနဲ့ languageအချို့ကိုသင်နေသည်။ သင်တန်းပိတ်ရက်မို့ အိမ်မှာသူ့လက်ရာကိုလွမ်းနေကြတယ်ပြောလာလို့ ဒီနေ့ဟင်းချက်ဖို့အတွက်သူစျေးသွားကာ ကိုယ်တိုင်ချက်ပြုတ်နေသည်။

" မောင်လေးရေ စျေးကတောင်ပြန်လာပြီလား။ အမနောက်ထဲမှာအဝတ်လျော်နေလိုက်တာ မောင်လေးပြန်ရောက်တာတောင်မသိလိုက်ဘူး။ "

အိမ်အတွက်ဆိုပြီး အရင်သူနဲ့သိကျွမ်းခဲ့တဲ့အမကိုခေါ်ထားတာဖြစ်သည်။

" ဟုတ်အမပြန်ရောက်ပြီ။ "

ညီမင်းယံတို့အိမ်မှာက တက္ကသိုလ်တက်နေတဲ့ကလေးတွေလဲရှိသလို အိမ်ထောင်သည်တွေလဲရှိသည်။ ကလေးတွေကိုတော့ ဒီမှာအိပ်ဒီမှာစားစေကာ ကျောင်းတက်ရင်လဲ သူတို့နှစ်ယောက်သာ ထောက်ပံ့ပေးထားသည်။ အအားမနေတက်ကျတဲ့ကလေးတွေကလဲ လစာမယူပဲဝပ်ရှော့မှာဝင်လုပ်ရင်းပညာသင်ကြသည်။ ကလေးတွေရဲ့စားရေးသောက်ရေးကအစ အဝတ်အဆုံးညီမင်းယံတို့ကသာ လျှော်ဖွတ်ပေးသည်။ ကလေးတွေကလဲ သူတို့ဆိုသိပ်ချစ်ကြတာ။ အကုန်လုံးကအားလဲကိုးရသည်။

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now