Part.21 (Unicode)

1.7K 58 1
                                    

အိမ်ရောက်တဲ့အထိငြိမ်နေတဲ့ကောင်လေး။ ညနေကတောင်စကားတွေတသီကြီးပြောနေတဲ့ကောင်လေးဟာ သာလိကာလေးအလားထင်မှတ်ရသည်။ အခုကျတိတ်ဆိတ်နေတာများ ကောင်လေးမှဟုတ်ရဲ့လားလို့ နက္ခတ်ထင်မိသည်။
ဆေးရုံကပြန်လာတဲ့လမ်းတစ်လျှောက်လုံးအသံတိတ်နေတော့ နက္ခတ်တောင်မနေတက်။ အရင်လိုအသံဆူဆူနဲ့ပြောတက်တဲ့ကောင်လေးကိုသာ နက္ခတ်သဘောကျမိသည်။

ခြံထဲကိုဆိုင်ကယ်ရပ်လိုက်တာနဲ့ ကောင်လေးကသူ့ကိုတောင်မစောင့်တော့ အိမ်ပေါ်ကိုသာတက်သွားလေရဲ့။
ကောင်လေးရဲ့လှုပ်ရှားမှု့တွေကသံက်လက်မှု့မရှိ။ ငေးငိုင်လေးတွဲလို့ အယောင်ယောင်အမှားမှားဖြစ်နေ၏။

" အ့"

နက္ခတ်မီးဖိုချောင်ထဲကကောင်လေး၏အသံကိုကြားတော့ စိတ်ပူစွာနဲ့ပြေးဝင်မိတော့ ကောင်လေးကဘေစင်မှာလက်ကိုရေလောင်းချနေတာတွေ့ရသည်။

" ဘာဖြစ်တာလဲကောင်လေး။ "

နက္ခတ်ပြောလဲပြော ကောင်လေးလက်ကိုကြည့်လိုက်တော့ နီရဲတွတ်နေတာကိုတွေ့ရတော့ စိတ်မကောင်။ အခုမှအပူပြန်ပေးထားတဲ့ ဟင်းရည်ကိုလက်ပေါ်လောင်းချမိလိုက်လေလားမသိ။
နက္ခတ်ရေခဲသေတ္တာဆီကိုပြေးလို့ အထဲကရေခဲတုံးလေးအချို့ကိုယူကာ လက်ကိုင်ပုဝါနဲ့ထုတ်ယူကာ ကောင်လေးရဲ့လက်ပေါ်ကိုတင်ကာ အပူကိုလျော့ချပေးမိသည်။

" ကောင်လေးစိတ်နဲ့လူနဲ့မကပ်ဘူးလား။ ဒါမှမဟုတ်နေမကောင်းလို့များလား။ ဆေးရုံကပြန်လာတဲ့လမ်းတစ်လျှောက်လုံးတိတ်ဆိတ်နေတာကို ကိုယ်သတိထားမိတယ်။ "

" ဘာမှမဖြစ်ပါဘူး။ ဒီအတိုင်းအတွေးလွန်သွားလို့ပါဗျာ။ အများကြီးပူသွားတာလဲမဟုတ်ပါဘူး။ "

ကောင်လေးကသာအများကြီးအပူလောင်သွားတာမဟုတ်ဘူးလို့ပြောနေပေမယ့် ကောင်လေးရဲ့လက်ဖမိုးတစ်ခုလုံးကနီရဲတွတ်နေသည်။

" ဒါတွေထားခဲ့လိုက်တော့ ကိုယ်ပဲဆက်လုပ်လိုက်တော့မယ်။ "

ဦးကိုကသူ့ကိုစိတ်ပူစွာနဲ့ဂရုတစိုက်လုပ်ပေးနေသည်။ ဦးကိုရဲ့မျက်နာကို ညီမင်းယံမမှိတ်မသုန်စိုက်ကြည့်နေမိသည်။ ဦးကိုကလေ ဆေးသေတ္တာထဲက အပူလောင်ပျောက်ဆေးကိုထုတ်ယူပြီး အပူလောင်ထားတဲ့အနီကွက်အပေါ်ကို ညှင်သာစွာသုတ်လိုက်ပေးတဲ့အပြင် လက်အေးအောင် ဦးကိုရဲ့နှုတ်ခမ်းတွေကိုအသုံးပြုပြီး လေမှုတ်ပေးပြန်တယ်။

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now