Extra.1 (Unicode)

1.3K 45 0
                                    

" ဦးကို.."

" ဗျာ "

" ကျွန်တော့်ကိုချစ်လား။ "

" ကောင်လေးကဘယ်လိုအဖြေမျိုးကြားချင်တာလဲ။ ကိုယ်လိမ်ပြောရမလား၊ ဒါမှမဟုတ်အမှန်အတိုင်းပြောရမလားကောင်လေး "

" ဟာ...ဦးကိုကကျွန်တော့်ကိုလိမ်ပြောအုံးမှာလား။ "

" ကိုယ်ကမင်းဖြေတဲ့အဖြေပေါ်မူတည်ပြီးဖြေပေးမှာ။ "

ဦးကို၏မေးခွန်းကြောင့် ညီမင်းယံမျက်စောင်းတစ်ချက်ထိုးမိတော့ ဦးကိုကရယ်ကျဲကျဲနဲ့။ အမြင်ကပ်ဖို့ကောင်းလွန်းတဲ့ ဦးကိုရဲ့မျက်နာ။ ကိုယ့်ခင်ပွန်းသည်ဆီကနေ လိမ်ညာတဲ့စကားတွေတော့ ဘယ်သူကကြားချင်မှာတဲ့လဲ။ ဦးကိုရဲ့စကားကြောင့် ညီမင်းယံစိတ်မကောင်းဖြစ်မိသည်။

" အမှန်တိုင်းဖြေတာကြားချင်တာပေါ့ဦးကိုရ။ ဦးကိုကလိမ်မယ်လို့တွေးထားလို့လား။ "

" ကိုယ်မင်းကိုချစ်တယ်ကောင်လေး။ ကိုယ်မညာတမ်းဝန်ခံရရင် ကိုယ်မင်းကိုနက်နက်ရှိုင်းရှိုင်းနဲ့ကိုချစ်မိခဲ့တာ။ ကိုယ်ကလေကောင်လေးကို ချစ်တဲ့အချစ်တွေကို ဖွင့်ဟမပြခဲ့တာပါ။ ကောင်လေးကကိုယ့်ရဲ့တစ်ဘဝလုံးစာမဟုတ်ဘူး နောင်ဘဝတွေသာရှိခဲ့အုံးမယ်ဆိုရင် မင်းနဲ့ဘဝပေါင်းများစွာကိုအတူဖြတ်သန်းချင်သေးတာ။ "

ည၏ကောင်းကင်မှာ ကြယ်ရောင်တွေကတလက်လက်တောက်ပလို့ ချစ်ရတဲ့သူနှစ်ယောက်ရဲ့ ချစ်ကြည်နူးမှု့ကို ပိုပြီးတောက်ပအောင် လမင်းကြီးကအားဖြည့်ထားသလိုပါပဲ။

ပန်းခြံတစ်ခုမဟုတ်ပေမယ့် ကောင်လေးကအားတဲ့အခါတိုင်း အပင်တွေကိုစိုက်ပျိုးလေ့ရှိသည်။ တလုတ်စံကားပန်းအဖြူ၊ နှင်းဆီနဲ့စံပယ်ရုံ၊ အပင်မျိုးစိတ်အချို့ကစုံလင်လှသည်။ စံကားပန်းပင်ကြီးကလဲ သူ့အရပ်ထက်အနည်းငယ်ပိုမြင့်နေတာမို့ အပင်အောက်မှာထိုင်နေတဲ့သူတို့နှစ်ယောက်မှာ တလုတ်စံကားပန်းရနံ့၏မွှေးပျံ့ခြင်းကိုခံစားမိသည်။

" မွှေးလိုက်တာ "

" ကိုယ့်ပါးကိုမွှေးချင်လို့လားကောင်လေးက "

" ဦးကိုရဲ့ပါးကိုမွှေးချင်တာလို့ပြောတာမဟုတ်ပါဘူး။ စံကားပန်းလေးတွေကမွှေးလိုက်တာလို့ပြောတာ။ "

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now