Part.19 (Unicode)

1.8K 67 1
                                    

" ကောင်လေးရေ။ ကောင်လေး။ "

နွေရာသီရောက်တာရယ်မို့ ရန်ကုန်မြို့ကြီးက နယ်မှာထက်စာရင်ပိုပူတဲ့ရာသီတစ်ခုပင်။ ဆောင်းတွင်းလိုရာသီတောင် ရန်ကုန်ကနေရထိုင်ရအဆင်ပြေသည်။ နွေရာသီဆိုတော့ ပိုပြီးပူလောင်အိုက်စပ်လို့နေတော့သည်။

နက္ခတ်ဆယ်နာရီလောက်မှအလုပ်ပြီးတာမို့ ရေချိုးကာအိမ်ပေါ်တက်လာရင်း ကောင်လေးကိုတကြော်ကြော်အော်ခေါ်နေမိသည်။

" အော်...ဦးကိုရယ်ဘယ်လိုကြောင့် ခုနှစ်ချီတဲ့အသံနဲ့အော်ခေါ်နေရတာလဲဗျာ။ ကျွန်တော်အမေဘုရားရှီခိုးနေတာကို ခြင်ကိုက်မှာဆိုးလို့ယပ်ခပ်ပေးနေတာကို။ "

" အဟီး...ကိုယ်ရေချိုးပြီးပြီလေ။ "

" ရေချိုးပြီးအဝတ်စားလဲပေါ့လို့။ "

ဟင်!!

ကောင်လေးစကားကြောင့် နက္ခတ်စကားလုံးတွေနင်သွားရသည်။

ညီမင်းယံအခန်းထဲကိုဝင်လာတော့ အပေါ်ပိုင်းဗလာနဲ့ ရေစိုပုဆိုးကိုခါးမှာပတ်ထားတဲ့ဦးကိုတွေ့ရသည်။

" ကိုယ့်ကိုရေလေးဘာလေးသုတ်ပေးအုံးလေကွာ။ "

" ဦးကိုနော် ကလေးလဲမဟုတ်ဘာမဟုတ်နဲ့။ ကိုယ့်ဘာသာလှဲလဲရနေတာကို။ "

ညီမင်းယံမျက်စောင်းတစ်ချက်ထိုးလိုက်တော့ ဦးကိုကပြုံးနေပါသည်။

" ကိုယ်ကမင်းပြုစုယုတတာကိုခံချင်မိတာကိုကွ။ "

ဦးကိုကပြောပြောဆိုဆိုပါပဲ သူ့ရဲ့ခါးကိုဆွဲလိုက်တော့ ညီမင်းယံဦးကိုရဲ့အပေါ်ပိုင်းဗလာဖြစ်နေတဲ့ ရင်ခွင်ထဲကိုပရမ်းဗတာဝင်ရောက်သွားပါတော့တယ်။
ရေချိုးပြီးစ ဦးကိုဆီကဆပ်ပြာနံ့သင်းသင်းလေးက ညီမင်းယံနှာခေါင်းထဲတိုးဝင်လာတော့ ညီမင်းယံမျက်လုံးလေးမှိတ်ကာ ဦးကိုရဲ့ကိုယ်သင်းနံ့လေးကို တဝကြီးရှုရှိုက်မိလိုက်ပါတယ်။

ဦးကိုကသူ့ခါးကိုဖက်တွယ်ထားတဲ့လက်တွေကိုရုတ်သိမ်းသွားခြင်းမရှိ။ ညီမင်းယံလဲ ဦးကို,ကိုပြန်လည်ပွေ့ဖက်မိလိုက်သည်။ ဦးကိုကလေသူ့ရဲ့ပါးပြင်တွေကို နမ်းရှိုက်လို့ ညီမင်းယံလဲဦးကိုရဲ့အနမ်းတွေကို သာယာမိန်းမောစွာခံယူနေမိသည်။

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now