Part.22 (Unicode)

1.5K 55 0
                                    

" ကိုကြီးညီမင်းယံ "

နက္ခတ်တို့ကားလေးခြံဝန်းထဲချိုးကွေ့ဝင်လာလို့ ကားပေါ်ကဆင်းရုံရှိသေး ကလေးတစ်ယောက်ကကောင်လေးနာမည်ကိုခေါ်ကာ ပြေးလာလို့နေသည်။ ကောင်လေးနဲ့အတူသူပါ ထိုကောင်လေးကိုကြည့်မိတော့...

" ကိုကြီးညီမင်းယံနဲ့တွေ့ချင်လို့ဆိုပြီး လူတစ်ယောက်ယောက်နေတယ်။ အမေကြီးကတော့အိမ်ပေါ်ခေါ်ပြီး ဧည့်ခံထားတယ်။

" ဘယ်သူလဲအကို့အသိထဲကလား။ "

" အဲ့ဒီလူစိမ်းရဲ့မျက်နာကိုတော့ တစ်ခါမှမတွေ့ဖူးဘူး။ "

" အေးပါ။ အလုပ်သိမ်းတော့လေ မိုးလဲချုပ်တော့မယ်ဆိုတော့။ "

" ဟုတ်" ဆိုကာနောက်ပြန်လှည့်သွားတဲ့ကလေး။ ညီမင်းယံနဲ့မှ နှစ်နှစ်လောက်သာငယ်တဲ့ကလေးတွေက ညီမင်းယံကိုတော့ ချစ်ကြောက်ရိုသေကြတယ်။ သူ့ကိုမပြောရဲတဲ့စကားတွေကို ညီမင်းယံကိုပြောပြကျတဲ့အထိ ရင်းနှီးကြသည်။ သူကတော့အမြဲမျက်နာတည်နဲ့အလုပ်ကလွဲရင်ကလေးတွေနဲ့ စကားသိပ်မပြောတာကြောင့်လဲ ကလေးတွေကစိမ်းနေကြတာဖြစ်မည်။

မနက်ထဲကနေကျောင်းကိုရောက်သွားခဲ့တာ ဆရာတော်ကြီးကညနေမှအေးဆေးပြန်ရမယ်လို့ မိန့်ကြားထားတာရယ်၊ ကလေးတွေကလဲပူဆာတာရယ်ကြောင့် မိုးချုပ်ခါနီးမှနှစ်ယောက်သားပြန်လာရတဲ့အထိ။ အိမ်ရောက်ရောက်ချင်း ဧည့်သည်ရောက်နေတယ်လို့ပြောတော့ ကောင်လေးနဲ့သူတစ်ယောက်မျက်နာတစ်ယောက်ကြည့်မိတာက တိုင်ပင်မထားပါပဲ။

ကိုယ့်နာမည်နဲ့ဧည့်သည်ရောက်နေတာလို့ပြောတော့ ညီမင်းယံတွေးရပြန်သည်။ သူငယ်ချင်းတွေဆိုတာကလဲ သူနေတဲ့နေရာအတိအကျမသိ။ ဒါ့ကြောင့်လာဖို့ရာမရှိပါ။ ဦးကိုရဲ့ဧည့်သည်ဆိုရင်တော့တစ်မျိုးပေါ့လေ။ ဦးကိုကအလုပ်ကိစ္စနဲ့အပေါင်းအသင်းမိတ်ဆွေပေါတာကို။

ကားထဲကပစ္စည်းအချို့ကိုသယ်ယူကာ ညီမင်းယံအိမ်ပေါ်ကိုတက်လာတော့ အပေါက်ဝကိုကျောပေးထားတာမို့ ဘယ်သူဘယ်ဝါဆိုတာမသဲကွဲ။ ဦးကိုကတော့ ခြံတံခါးကိုတစ်ခါထဲပိတ်နေတာကြောင့် နောက်မှာကျန်ခဲ့သည်။

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now