Part.17 (Unicode)

1.8K 70 1
                                    

" ဟော ဘယ်သူတွေများလဲလို့။ မင်းကိုနက္ခတ်မှား။ "

နက္ခတ်တို့သွားမည့်လမ်းကနေပိတ်ရပ်ထားတဲ့သူကိုကြည့်မိတော့ နက္ခတ်နှုတ်ခမ်းတွေကိုမဲ့ပစ်လိုက်မိတဲ့အထိ။

" ကိုယ့်လမ်းကိုသွား တိမ်ညိုမင်း။ "

" ငါကလဲကိုယ့်လမ်းကိုသွားနေတာပဲ။ မင်းကငါသွားမဲ့လမ်းကနေလာတာလေ ကျက်သရေယုတ်တယ်။ ငါတို့နေတဲ့နေရာကို မင်းဘာလို့ပြန်ရောက်လာတာလဲ။ မင်းမရှက်ဖူးလားနက္ခတ်မှား။ မင်းနေရာမှာငါသာဆို ရှက်လွန်းလို့ပြန်လာမှာမဟုတ်ဘူး။ "

တိမ်ညိုမင်းရဲ့စကားတွေကို နက္ခတ်မကြားချင်ယောင်ဆောင်ကာ ကျော်တက်သွားပေမယ့်လည်း နောက်ကျောဆီကနေလှည့်အော်နေတဲ့တိမ့ညိုမင်း။

" မင်းနဲ့ငါဆွေမျိုးတော်ရတာကိုက ငါတို့အတွက်ရှက်ရွံစရာကောင်းလွန်းနေတာကိုမင်းသိလားနက္ခတ်မှား။ မင်းကနာမည်နဲ့လိုက်ဖက်လွန်းတယ်။ "

ညီမင်းယံ ဦးကိုရဲ့လက်ကိုဆုပ်ကိုင်တော့ ဦးကိုကသူ့ကိုကြည့်လာသည်။ ညီမင်းယံခေါင်းခါပြတော့ ဦးကိုကသက်ပြင်းရှည်တစ်ခုကိုချကာ စိတ်လျော့လိုက်ဟန်။

နက္ခတ်ဒေါသတွေထွက်လွန်းလို့ လက်သီးကိုတင်းနေအောင်ဆုပ်ထားမိသည်။ တိမ်ညိုမင်းရဲ့စကားနာထိုးမှု့ကြောင့် နဂိုငြိမ်နေတဲ့သည်းခံစိတ်တို့ဟာ လောင်စာဆီလောင်းလိုက်သလို ဝုန်းခနဲထလာသည်။ ဒေါသကြောင့်လူကအတော်လေးထူပူကာ နောက်ကိုပြန်လှည့်မည်လုပ်တော့ ကောင်လေးကသူ့လက်ကိုတင်းနေအောင်ဆုပ်ကိုင်ထားပြီး ခေါင်းကိုဖြေးညှင်းစွာခါရမ်းပြ၏။ ကောင်လေးရဲ့မျက်ဝန်းတွေက သူ့ကိုရန်မဖြစ်စေချင်တဲ့ပုံပဲ။ ဒါ့ကြောင့်နက္ခတ်စိတ်လျော့ကာ ထွက်လာမိသည်။

" မုဒိန်းကောင်။ မင်းကအရှက်မရှိဘူးပဲ။ အေးလေ မင်းကနာမည်ပျက်ထားတာကို ထောင်ထွက်ရ။ ငါ့ကိုဘယ်လိုလုပ်ပြီး ပြန်ပြောရဲမှာတဲ့လဲ။

ဘေးကကောင်လေး။ မင်းသူ့အကြောင်းကိုဘယ်လောက်သိလို့လဲ။ သူကဆာလာရင် မိန်းမယောကျ်ားခွဲခြားနေမှာမဟုတ်ဘူးနော်။ ဆာလာရင် မင်းကိုပါမုဒိန်းကျင့်နေအုံးမယ်။ ဟား ဟား "

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now