Extra.2 (Unicode )

1.4K 48 0
                                    

ဦးကိုနဲ့နေရတဲ့နေ့ရက်များက အတိပျော်ရွှင်စရာကောင်းလှသည်။ ဦးကိုကအခုနောက်ပိုင်းမှာ အိမ်ကလူတွေမရှိရင်လဲချွဲတက်သလို အိမ်ကလူတွေရှိနေပြန်ရင်လဲ ချွဲတက်သည်။ ဦးကိုကအရင်ကထက် သူ့အပေါ်အလိုလိုက်အကြိုက်ဆောင်လာပြီး သူဘာပြောပြောကောင်လေးသဘော၊ ကောင်လေးသဘောနဲ့သာရှိနေတော့တာမို့ အမေကပါဦးကို,ကိုပြောယူရတဲ့အထိပဲ။

" ဟဲ့နက္ခတ် နင့်မလဲလင်ကြောက်ရတဲ့ဘဝပါလားနော်။ ကိုယ့်ထကခအငယ်ကိုယူပြီး ကိုယ်ကလဲလုပ်ကျွေးရသေး ကျောင်းလဲထားပေးရသေးတယ် နင်ကကြည့်ပဲကြောက်နေရတာ ကြားမကောင်းဘူး။  "

အမေကအိမ်ရှေ့ကနေ သမက်တော်ကိုစူငေါက်တက်ပါသေးတယ်။ အခဲမကျေပြောနေတဲ့အမေ့ကို ဦးကိုကစကားလှလှလေးသုံးလို့ ဖယ်ရှောင်စေခဲ့ပါသေးတယ်။

" ကြောက်တာမဟုတ်ပါဘူးအမေရာ။ သားကကောင်လေးကိုချစ်တာကိုဗျ။ ကျုပ်ယောကျ်ားလောက်ချစ်စရာကောင်းတာ ကျုပ်ယောကျ်ားပဲရှိတယ်လေ။ ဒီတော့သူ့ကိုပိုချစ်ရတာပေါ့ဗျ။ တော်ကြာ ကျုပ်ကိုထားခဲ့ရင်ဘယ်နှဲ့လုပ်ပါ့မလဲ။ "

ဦးကိုရဲ့စကားကြောင့် အမေကမကျေနပ်ပေမယ့် အိမ်ရှိလူအကုန်လုံးကတော့ပွဲကျကုန်လေရဲ့။ တရားဝင်လက်ထပ်ထားပြီး လက်စွပ်မဝယ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်ခဲ့ဖူးတဲ့ဦးကို။ အချစ်ကိုပုံဆောင်ခဲတစ်ခုလို ထုတ်မပြခဲ့ရလို့စိတ်မကောင်းဖြစ်နေဖူးတဲ့ဦးကိုက အခုများကျတော့ စကားတွေကလဲသွက်ပါ့။ အရင်ကဆို သူ့အနားကပ်ဖို့တောင်မဝံ့မရဲဖြစ်နေတဲ့ ဦးကိုက အခုများလူကြားသူကြားထဲမှာတောင်မရှောင် ပွေ့တက်ဖက်တက်နမ်းတက်လာသည်။

" ချစ်တယ် "ဆိုတဲ့စကားကို မကြာခဏပြောတက်လာပြီး သူ၏အချစ်များကို သက်သေခနခဏပြတက်လာတဲ့ဦးကိုကြောင့် ညီမင်းယံမှာညဖက်ဦးကိုနဲ့အိပ်ရမှာကိုတောင် လန့်လာသည်။ ပင်ပန်းလို့ဆိုတာကိုအကြောင့်ပြလို့ ရှောင်ဖယ်ပြန်ရင်လဲ သူ့ကိုမချစ်တော့ဘူးလားဆိုပြီး နှုတ်ခမ်းကြီးကိုစူထော်လို့ မဖြေမချင်းမေးပြီး ဟိုကလိဒီကလိနဲ့ နောက်ဆုံးကျတော့လဲ ဦးကိုရဲ့သဘောသာဆိုပြီး လိုက်လျောပေးခဲ့ရတဲ့ညတွေကလဲ များလှချေပြီမလား။ ထိုညမျိုးတွေဆိုရင် ဦးကိုကတစ်ကြိမ်တစ်ခါထဲနဲ့ရပ်တန့်သွားတာမျိုးမရှိ၊ တစ်ခါ နောက်တစ်ခါလို့ပူဆာတိုင်းလိုက်လျောရတာ မနက်ဆိုညီမင်းယံမှာ အိပ်ခန်းထဲကနေတောင်အပြင်မထွက်ရဲတဲ့အထိပင်။ မျက်နှာအနှံ့နမ်းလို့ လည်တိုင်တစ်လျှောက်လုံးမှာလဲ ဦးကိုအနမ်းတွေမွစာကြဲထားလို့ အနီကွက်တွေကပွစလောင်းထနေသည်။ လည်တိုင်တွေတင်လားဆိူပြန်တော့မဟုတ်သေး ရင်ဘတ်တစ်ခုလုံးမှာလဲ နေရာလပ်မကျန်အောင်အနမ်းမိုးတွေရွာသွန်းထားပြန်သည်။ နှုတ်ခမ်းသားတွေကိုလဲ အကြိမ်ကြိမ်နမ်းလို့ မနမ်းတော့နဲ့လို့ပြောရင် ကောင်လေးနှုတ်ခမ်းတွေက အရသာရှိတယ်ဆိုပြီးနမ်းတာကလဲ ညီမင်းယံနှုတ်ခမ်းတွေမှာ နီရဲလို့ဖူးယောင်နေတာမြင်မကောင်းချေ။ ဒီလိုမျိုးမြင်မကောင်းတဲ့အရာတွေနဲ့ အပြင်ကိုထွက်ရင် ရှက်စရာကောင်းလှသည်။ နောက်ပြီးဦးကို,ကိုကလေးတွေမလေးစားတော့မှာလဲ စိုးရိမ်တာမို့ ညီမင်းယံထိုရက်မျိုးဆို အိပ်ခန်းထဲမှာသာနေလေ့ရှိသည်။

ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာလေးတစ်ကောင်ခိုနားနေသည်။ (Complete) Where stories live. Discover now