Part.2

3.2K 67 0
                                    

မျိုးရိုးဗီဇဆေးစစ်ချက်စာရွက်ကိုကြည့်ပြီးစက်ကွင်းခပ်ဟဟရယ်လိုက်၏။

''အဟက် ကိုက်ညီမှုမရှိပါတဲ့လား''

သူပိုသေချာအောင်သူနဲ့ပန်းကလေးကိုDNAစစ်ကြည့်လိုက်တာပါ။
သူဆေးစစ်ချက်စာရွက်ကိုလုံးချေပစ်ပြီး

''ဒေါ်ငွေဖြူ ဒေါ်ငွေဖြူ''

သူလှမ်းခေါ်လိုက်တော့ဒေါ်ငွေဖြူကမီးဖိုချောင်ထဲကကပြာကယာထွက်လာပြီး

''သားဘာခိုင်းမလို့လဲ''

''ပန်းကသစ်နီကိုသွားခေါ်လာခဲ့''

''ဟင် ကလေးကခုမှဆေးရုံဆင်းခါစပဲရှိသေးတာလေ နေမကောင်းသေးဘူးသားရဲ့''

''မလိုချင်ဘူး သူ့ဘာသာ​ေ.သမယ့်ရောဂါဖြစ်နေနေ သွားခေါ်လာခဲ့''

ဒေါ်ငွေဖြူတစ်ယောက်မျက်စိပျက်မျက်နှာပျက်နဲ့အိမ်ထဲကထွက်သွားတာကိုအိမ်ပေါ်ကနေဆင်းလာတဲ့ဒေါ်ထိပ်ထားမြင်ဖြစ်အောင်မြင်လိုက်ရပြီးဧည့်ခန်းဆီလျှောက်လာကာ

''သား ဘာတွေဖြစ်နေတာလဲ''

သူဘာမှမပြောပဲမျက်နှာကိုပြတ်ထွက်မတတ်တင်းမာထားလေ၏။
ခဏနေတော်ဒေါ်ငွေဖြူကခေါင်းမှာပတ်တီးစည်းထားသောပန်းကလေးကိုချီကာအိမ်ထဲဝင်လာလေသည်။

ဒေါ်ထိပ်ထားတစ်​​ယောက်မျက်ကလူးစံပြာနှင့်

''ဒေါ်ငွေဖြူ ဘာလို့ကလေးကိုခေါ်လာတာလဲ ကလေးကနေမကောင်းသေးတာကို''

''ဟို သားစက်ကွင်းကခေါ်ခိုင်းလို့''

''ဟင်''

ဒေါ်ထိပ်ထား တူဖြစ်သူဘက်ပြန်လှည့်ကာ

''သား ဘာလို့ကလေးကိုခေါ်ခိုင်းတာလဲ''

သူမတ်တပ်ထရပ်လိုက်ပြီး

''ဘာလုပ်ရမှာလဲ အိမ်ကနှင်မချခင်သူ့မျက်နှာကိုတစ်ခေါက်လောက်ကြည့်ဦးမလို့''

''ဘာရယ်''

''သူကဖေဖေ့ကလေးမှမဟုတ်တာ ကျွန်တော့်ညီမလည်းမဟုတ်ဘူး ခေါ်ထားစရာဘာအကြောင်းမှမရှိဘူး အဲ့ကလေးကိုမိဘမဲ့ကျောင်းပို့ပစ်မယ်''

''မင်းအဲလိုလုပ်လို့မရဘူးစက်ကွင်း တီတီခွင့်မပြုဘူး ဘာမှမသိနားမလည်တဲ့ကလေးကိုမင်းဘာလို့အဲလောက်မုန်းနေတာလဲ''

You are mine [completed]Where stories live. Discover now