Part.5

3K 51 0
                                    

''ဖုန်းတစ်လုံးလောက်ရချင်လို့ အေး ဖုန်း​ပြောရုံပဲမို့အကောင်းကြီးထဲကမဟုတ်လည်းရတယ်''

ပန်းကလေးသတိရလာလာချင်းနားထဲမှာဦးစက်ရဲ့အသံကိုကြားလိုက်ရတာ​ကြောင့်မျက်လုံးကိုအားယူကာဖွင့်ကြည့်တော့ဦးစက်ကသူမအားကျောပေးကာဖုန်းပြောနေတာပင်။

''အင်း ဒါပဲ''

သူဖုန်းချပြီးပန်းက​လေးကိုလှည့်ကြည့်တော့သူမကသူ့အားညှိုးနွမ်းနေတဲ့မျက်နှာနဲ့ပြန်ကြည့်နေလေ၏။

''နိုးပြီလား''

''ဦးစက် ဟိုလူနှစ်ယောက်ကိုဦးစက်ဘာလို့အဲလိုလုပ်တာလဲဟင်''

''ဘာ! ပန်းကသစ်နီ မင်းကအဲ့ကောင်တွေကိုစိတ်ပူနေတာလား ဟမ်''

''သူတို့ကပန်းကလေးကိုကူညီပေးတာပါ''

သူမစကားကိုကြားတော့စက်ကွင်းဟက်ခနဲပြုံးကာသူမလက်မောင်းနှစ်ဖက်ကိုဖိညှစ်၍မျက်နှာကိုစီးမိုးကြည့်ကာ

''သူတို့ကမင်းကိုကူညီတာမဟုတ်ဘူး မင်းမှတ်မိသေးလား ငါနဲ့မင်းနဲ့အတူ...ခဲ့တဲ့ညကို သူတို့ကမင်းကိုအဲလိုလုပ်မလို့ နားလည်လား''

''ဟင်''

''မင်းမမှတ်မိတော့ရင်ငါပြန်ပြီးသတိဖော်ပေးရမလား''

''ဟင့်အင်း မ''

သူမစကားမဆုံးခင်ဦးစက်အားသူမနှုတ်ခမ်းအားခပ်ကြမ်းကြမ်းအငမ်းမရနမ်းပြီးလက်ကလည်းသူမရဲ့ဖဲသားညဝတ်အင်္ကျီလေးကိုကြယ်သီးတွေတစ်လုံးချင်းဖြုတ်ကာဆွဲချွတ်ပစ်ပြီးခပ်ဝေးဝေးကိုလွှင့်ပစ်လိုက်၏။

အရိုင်းဆန်သောသူ့အနမ်းတွေနဲ့သူမခန္ဓာကိုယ်အားခပ်ကြမ်းကြမ်းထိတွေ့နေသောဦးစက်ရဲ့လက်တွေကြားမှာပန်းကလေးအသက်ရှူကြပ်ပြီးမျက်ရည်တွေပါဝေ့လာရ၏။

ပန်းကလေး ဦးစက်ရဲ့ရင်ဘတ်အားအတင်းတွန်းလွှတ်တော့ဦးစက်ကသူမအားမျက်လုံးစိမ်းတွေနဲ့ကြည့်လာကာ

''ကိုယ့်ယောကျ်ားကိုဘာလို့ငြင်းနေတာလဲ မင်းငါ့ကိုစိန်ခေါ်နေတာလား''

''မဟုတ်ပါဘူး ပန်းကလေးအသက်ရှူကြပ်လို့ပါ''

စက်ကွင်းကဗလာဖြစ်နေသောသူမအပေါ်ပိုင်းကိုကြည့်ကာ

You are mine [completed]Where stories live. Discover now