Part.4

3.1K 60 0
                                    

ပန်းကလေးဧည့်ခန်းထဲမှာထိုင်စောင့်နေရင်းမှေးခနဲအိပ်ပျော်သွားစဥ်တစ်စုံတစ်ယောက်ကသူမကိုယ်လေးအားဆွေ့ခနဲပွေ့ပြီးပုခုံးပေါ်ထမ်းတင်သွား၍ပန်းကလေးအိပ်ချင်စိတ်တွေတောင်ဘယ်ပျောက်သွားလဲမသိလိုက်။

သူမကိုဒီလိုလုပ်မယ့်သူကဦးစက်အပြင်တစ်ခြားဘယ်သူရှိမှာလဲ။

''ဦးစက်ဘာလုပ်တာလဲ''

''ဒီနေ့ကမင်းနဲ့ငါ့ရဲ့မင်္ဂလာဦးညလေ''

''ဦးဂုဏ်မှာအဖော်''

''မရှိတော့ဘူး''

စက်ကွင်းထုံးစံအတိုင်းသူခေါ်လာတဲ့မိန်းကလေးအားဘာမှမလုပ်ပဲပြန်လွှတ်လိုက်ပါပြီ။

ပန်းကလေးကိုယ်လေးကိုမွေ့ယာပေါ်ပစ်ချပြီးသူမအင်္ကျီကြယ်သီးကိုတစ်လုံးချင်းဖြုတ်မနေပဲဆွဲဆောင့်ပစ်လိုက်ရာသူမခန္ဓာကိုယ်အပေါ်ပိုင်းလေးကသူ့မျက်လုံးထဲတန်းခနဲဝင်လာလေ၏။

သူပန်းကလေးလက်ချောင်းလေးတွေကိုဆုပ်ကိုင်ပြီးမွေ့ယာနဲ့ဖိကပ်ကာသူမလည်ပင်း ရင်ဘတ် ရင်ညွန့်နဲ့ဘရာပေါ်ကနေမို့မောက်နေသောသူမအသားစိုင်လေးများအားခပ်ကြမ်းကြမ်းနမ်းကာအနီရောင်အမှတ်အသားလေးတွေဖန်တီးပေးလိုက်သည်။

''အ့ နာတယ်ဦးစက်''

သူကမကြားသလိုနဲ့သူမနှုတ်ခမ်းလွှာတွေအားပြ|တ်ထွက်မတတ်အတင်းစုပ်ယူနမ်းရှိုက်နေတုန်းခေါင်းရင်းကသူ့ဖုန်းကမြည်လာ၍သူဦးတည်ရာလမ်းကြောင်းကိုပြောင်းလိုက်ရသည်။

''တောက်! ဘယ်လိုကလေကဝတွေက''

သူပြောရင်းဖုန်းကိုယူကြည့်လိုက်တော့screenမှာပေါ်နေတာကဂန္ဓဝင်ဆိုတဲ့နာမည်။

သူပန်းကလေးအပေါ်ကနေခွာကာဖုန်းကိုယူ၍အခန်းပြင်ထွက်လာခဲ့ပြီးဖုန်းကိုင်ကာ

''အင်း ဘာကိစ္စလဲ''

''ရှင်လက်ထပ်သွားပြီဆို''

''အင်း မင်းတမင်အချိန်ကောင်းကိုရွေးပြီးဖုန်းဆက်တာမလား''

''ဒီလိုအရေးကြီးတဲ့နေ့ အရေးကြီးတဲ့အချိန်မှာ​တောင်ကျွန်မဖုန်းကိုဖြေတယ်ဆိုတော့ ကျွန်မကရှင့်အတွက်သိပ်အရေးပါတယ်ထင်တယ်''

You are mine [completed]Where stories live. Discover now