Part.18

2.5K 47 0
                                    

''ကလေး ကိုယ်တို့ဆေးရုံကဆင်းလို့ရပြီတဲ့''

အသံနဲ့အတူဦးစက်ကကုတင်မှာကျောမှီကာထိုင်နေသောသူမနားရောက်လာပြီးကုတင်ဘေးကခုံမှာဝင်ထိုင်လိုက်၏။

စက်ကွင်းသူမလက်ကလေးကိုကိုင်တော့သူမကဆတ်ခနဲပြန်ရုတ်ပြီး

''ဘယ်သူကခွင့်ပြုလို့အသားကိုလာထိနေတာလဲ''

''ကိုယ်တောင်းပန်ပါတယ်''

သူများကိုကျအ​ေ.သအလဲရက်စက်နိုင်သူကသူမရှေ့မှာကျယုန်သူငယ်လေးလို။

''ဘာလုပ်နေတာလဲ အိမ်ပြန်မယ် ဒီမှာတစ်စက္ကန့်လေးတောင်ထပ်မနေချင်တော့ဘူး

''ဟုတ်ပြီဟုတ်ပြီ ကိုယ်ပစ္စည်းတွေသိမ်းလိုက်ဦးမယ်''

''သိမ်းမနေနဲ့ အကုန်ထားခဲ့လိုက် ရှုပ်တယ်''

ပြောပြီးသူမကကုတင်ပေါ်ကဆင်းလိုက်တော့အစကစက်ကွင်းတွဲပေးမလို့ပေမယ့်သူမလေးစိတ်ထပ်ဆိုးမည်စိုး၍လက်ကိုပြန်ရုတ်လိုက်သည်။

ပန်းကလေးလည်းဦးစက်အားမမှိန်မသုန်ကြည့်ပြီး

''ဘာရပ်ကြည့်နေတာလဲ လာတွဲလေ''

''အာ''

စက်ကွင်းချက်ချင်းပဲသူမနားရောက်သွားပြီးလက်တစ်ဖက်ကပုခုံးကိုဖက်ကာကျန်လက်တစ်ဖက်ကသူမလက်ကလေးကိုကိုင်လိုက်၏။

''ဖြည်းဖြည်းကလေး''

ဗိုက်ကငါးလကျော်ဗိုက်သာပြောပေမယ့်သူမဗိုက်လေးကတစ်ကယ်သေးသေးလေး။မသိရင်တာဝန်အရမို့မပူချင့်ပူချင် ပူပေးနေရတဲ့အတိုင်း။
တီတီပြောတာတော့အပျို​ဗိုက်မို့လို့တဲ့။

စိတ်ကလည်းကြီးလာလိုက်တာမပြောပါနဲ့တော့။
အမြဲမှုန်ကုပ်ကုပ်ပြီးသူမလေးမှာဘာကိုမှမလိုမကျနေ။
အထူးသဖြင့်သူ့ကို။

အိမ်ပြန်လမ်းတွင်....

''ဦးစက် မင်းသူအောင်နဲ့ဇင်ယော်ဖြူကိုဘာလုပ်လိုက်လဲ''

''ကလေးမသိချင်ပါနဲ့''

''ကျွန်မသိပြီးပြီ''

''ကလေး''

သူမကလမ်းပေါ်အကြည့်ပို့ထားရင်းမှ

You are mine [completed]Where stories live. Discover now