ပန်းကလေးတစ်ယောက်ခြေဦးတည့်ရာလျှောက်သွားရင်းလမ်းဘေးတစ်နေရာမှာငုတ်တုပ်လေးထိုင်နေတုန်းသူမရှေ့ကိုကားတစ်စီးထိုးရပ်သွားလေ၏။
မျက်ရည်မခြောက်သေးသောမျက်ဝန်းတွေနဲ့ထိုကားအားမော့ကြည့်လိုက်စဥ်ကားမှန်ကျသွားတဲ့အချိန်ပေါ်လာတဲ့မျက်နှာကြောင့်သူမဦးနှောက်ကိုအမြန်အလုပ်ပေးကာစဥ်းစားလိုက်တော့နေရဲဆိုတဲ့သူဖြစ်နေလေသည်။
သူကကားပေါ်ကဆင်းပြီးသူမနားခြေဖျားထောက်ထိုင်ချကာ
''မင်းပန်းကသစ်နီမလား ဒီမှာဘာလုပ်နေတာလဲ''
သူမေးလိုက်တော့ငိုချင်ရဲ့လက်တို့ဆိုသလိုသူမကထပ်ပြီးမျက်ရည်တွေကျကာတရှုံ့ရှုံ့ငိုရင်း
''အိမ်ကထွက်ပြေးလာတာ''
''ဟင်''
''အဟင့် ဦးစက်ကလူညာ အီးဟီး ဦးစက်ကိုမုန်းလို့ထွက်ပြေးလာတာ''
နေရဲဆံပင်တွေရှုပ်ပွကာမျက်နှာတစ်ခုလုံးညစ်ပေနေသောသူမကိုကြည့်ကာစိတ်မကောင်းဖြစ်သွားရသည်။
''ကိုစက်နဲ့စကားများလာတာကိုး အဲဒါနဲ့ပဲအိမ်ကထွက်ပြေးလာတာတော့မဟုတ်သေးဘူးလေ ကိုစက်ကလည်းဒီတိုင်းပဲလွှတ်လိုက်ရသလား ကဲပါ ငါမင်းကိုအိမ်ပြန်လိုက်ပို့ပေးမယ်''
''ဟင့်အင်းဟင့်အင်း မပြန်ချင်ဘူး အိမ်ပြန်မပို့ပါနဲ့ ပန်းကလေးအဲဒီ့အိမ်ကိုထပ်မသွားတော့ဘူး ဦးစက်ကိုမတွေ့ချင်ဘူး''
''ဒါဆိုမင်းကဘယ်သွားမှာလဲ သွားစရာရှိလို့လား''
''သွားစရာ''
သူမအတွေးထဲပေါ်လာတာကဂန္ဓဝင်ပေးခဲ့သောလိပ်စာကဒ်။
''ရှိတယ် သွားစရာရှိတယ်''
___________
စက်ကွင်းတစ်ယောက်ခြေထောက်ကဒဏ်ရာကိုဆေးထည့်ပြီးတာနဲ့အိမ်မှထွက်လာခဲ့လိုက်၏။
လက်တစ်ဖက်ကလည်းကားမောင်းနေရင်းဂန္ဓဝင်ဆီဖုန်းဆက်ကာအကျိုးအကြောင်းလှမ်းပြောကာအကူအညီတောင်းနေရပြန်သည်။
''ဂန္ဓဝင် ပန်းကလေးသိသွားပြီ သူအခုအိမ်ကထွက်ပြေးသွားတယ် ငါ့ကိုကူညီစမ်းပါ ပန်းကလေးကိုကူရှာပေးစမ်းပါ''
YOU ARE READING
You are mine [completed]
RomanceCompleted မိဘတွေသေဆုံးသွားရတာဟာသူ့အဖေရဲ့မယားငယ်ကြောင့်ဆိုပြီးအငြှိုးအတေးတွေကြီးနေခဲ့တဲ့နေ့စက်ကွင်းတစ်ယောက် သူ့အဖေမယားငယ်ရဲ့သမီးလေးကိုခေါ်ယူစောင့်ရှောက်ထားပြီးမှအသက်ပြည့်တာနဲ့ဆွဲစားပစ်ပြီးအနိုင်ကျင့်နှိပ်ခဲ့ပြီးနောက် သူထင်ထားတဲ့အရာတွေကတစ်ကယ်အမှန်တရား...