''တူမလေး ဒေါ်လေးအပြင်ခဏသွားဦးမယ် ဒေါ်ငွေဖြူ့ကိုပါခေါ်သွားမှာမို့ငါ့တူမလေးအိမ်မှာတစ်ယောက်တည်းဖြစ်ရဲ့လား''
''ဖြစ်ပါတယ်ဒေါ်လေး''
''အေးအေး သူစိမ်းတွေလာရင်တံခါးဖွင့်မပေးနဲ့နော်''
''ဟုတ်ကဲ့ဒေါ်လေး''
''အင်း အဲဒါဆိုဒေါ်လေးသွားပြီနော်''
''ဟုတ်''
သူမအဒေါ်ထွက်သွားတာနဲ့သူမခြံတံခါးလိုက်ပိတ်ပြီးအိမ်ထဲပြန်ဝင်လာခဲ့၏။
ဒေါ်ထိပ်ထားလမ်းကိုရောက်တော့သူ့ပိုက်ဆံအိတ်ထဲကဖုန်းကိုထုတ်ကာသူ့တူဆီဖုန်းခေါ်လိုက်သည်။
''ဟဲလို စက်ကွင်း မင်းအလုပ်မရှုပ်ရင်အိမ်ပြန်လိုက်ပါဦးလား ဒေါ်လေးနဲ့ဒေါ်ငွေဖြူကသားမိဘတွေဆီသွားနေကြတာ အိမ်မှာသူတစ်ယောက်တည်းမို့လို့''
''ဟမ် ဘာလို့သူ့ကိုတစ်ယောက်တည်းထားခဲ့တာလဲ တစ်ခါတည်းခေါ်သွားတာမဟုတ်ပဲနဲ့''
''ဘယ်လို တစ်ခါတည်းခေါ်သွားတာမဟုတ်ပဲနဲ့ ဟုတ်လား မင်းရူးများနေသလား မင်းပဲသူ့ကိုဘယ်မှမထွက်ရဘူးဆို ပြီးတော့သူကခုထိနေလည်းမကောင်းသေးဘူး''
''အဲဒါကိုဘာလို့စိတ်ချလက်ချထားခဲ့တာလဲ''
''အမလေး မှားပါတယ်သခင်ရယ် မင်းပဲအမျိုးမျိုးပဲ သူ့ကိုပြန်သွားခေါ်လိုက်မယ်''
''နေတော့ ကျွန်တော်ပဲအိမ်ပြန်လိုက်မယ်''
''ပြီးရော''
ဒေါ်ထိပ်ထားဖုန်းချပစ်လိုက်ပြီး
''ဂေါက်ကြောင်ကောင် စိတ်ကိုကအမျိုးမျိုး''
စက်ကွင်းလည်းသူ့ပစ္စည်းတစ်ချို့ကိုယူပြီးကုမ္ပဏီထဲမှထွက်လာခဲ့လိုက်၏။
''နေမကောင်းတဲ့သူကိုတစ်ယောက်တည်းထားခဲ့ရတယ်လို့''
တစ်ဖက်မှာလည်းပန်းကလေးတစ်ယောက်ဧည့်ခန်းထဲကအလှပန်းအိုးအားပန်းလဲနေရင်းအိမ်ရှေ့ကဘဲလ်သံကြောင့်သူမလုပ်လက်စအလုပ်ကိုချထားခဲ့ပြီးအိမ်ရှေ့ထွက်လာခဲ့လိုက်သည်။
သူမလူတစ်ယောက်အဝင်အထွက်လုပ်လို့ရတဲ့တံခါးလေးကိုဖွင့်လိုက်တော့ဦးလေးမင်းထက်ရဲ့သားအကြီးဆုံးမင်းသူအောင်ကသူမအားပြုံးပြပြီး
YOU ARE READING
You are mine [completed]
RomanceCompleted မိဘတွေသေဆုံးသွားရတာဟာသူ့အဖေရဲ့မယားငယ်ကြောင့်ဆိုပြီးအငြှိုးအတေးတွေကြီးနေခဲ့တဲ့နေ့စက်ကွင်းတစ်ယောက် သူ့အဖေမယားငယ်ရဲ့သမီးလေးကိုခေါ်ယူစောင့်ရှောက်ထားပြီးမှအသက်ပြည့်တာနဲ့ဆွဲစားပစ်ပြီးအနိုင်ကျင့်နှိပ်ခဲ့ပြီးနောက် သူထင်ထားတဲ့အရာတွေကတစ်ကယ်အမှန်တရား...