Part.15

2.9K 45 0
                                    

နှာခေါင်းထဲတိုးဝင်လာတဲ့ဆေးနံ့တွေကြောင့်ပန်းကလေးမျက်လုံးကိုအားယူကာဖွင့်လိုက်စဥ် ပြတင်းပေါက်နားမှာရပ်ကာသူမကိုကျောပေးပြီးဖုန်းပြောနေတဲ့သူကိုအမြင်မှာသူမခေါင်းတစ်ခုလုံးချာချာလည်သွားရ၏။

''ဦးစက်''

သူမစိတ်ထဲမှတီးတိုးခေါ်ကာကုတင်ပေါ်ကဆင်း၍အခန်းထဲကထွက်ပြေးမယ်လုပ်တုန်းဦးစက်ကသူမအားလှည့်ကြည့်လာပြီးသူမအားနောက်ကနေအမိအရသိုင်းဖက်ကာ

''ကလေးဘာလုပ်တာလဲ ကလေးနေမကောင်းသေးဘူး''

''ရှင်နဲ့မဆိုင်ပါဘူး လွှတ်''

''ကလေးခုလိုလုပ်နေလို့မရဘူး ကလေးဗိုက်ထဲမှာကိုယ်တို့ရင်သွေးလေးရှိနေပြီ''

သူ့လက်ထဲကနေရုန်းကန်နေတဲ့သူမ ချက်ချင်းငြိမ်ကျသွားလေသည်။

''ဟင့်အင်း မဟုတ်ဘူး''

''ကိုယ်ဝန်က6ပတ်တောင်ရှိနေပြီကလေးရဲ့''

ပန်းကလေးခေါင်းကိုတွင်တွင်ခါရမ်းပြီးသူ့လက်ထဲကအတင်းပြန်ရုန်းကာ

''ဒါရှင့်ကလေးမဟုတ်ဘူး ရှင်နဲ့ရတာမဟုတ်ဘူး''

သူ့ကလေးစိတ်ဆိုးပြီးပြောနေမှန်းသူသိပါတယ်။

''ဘယ်သူနဲ့ရရကိုယ်ပဲကလေးအဖေလုပ်မှာ''

''လဲ​ေ.သလိုက် ရှင့်ကိုဘယ်တော့မှကျွန်မကလေးရဲ့အဖေလို့မသတ်မှတ်ဘူး ရှင်ကျွန်မကိုလွှတ်မှာလားမလွှတ်ဘူးလား ကျွန်မအော်လိုက်မှာနော်''

စက်ကွင်းသူမအားသူနဲ့မျက်နှာချင်းဆိုင်စေပြီးပါးကိုဘယ်ညာနမ်းကာဖက်လိုက်ရင်း

''ကလေးစိတ်ကိုလျှော့ပါ ပင်ပန်းနေလိမ့်မယ်ကလေးရဲ့''

ပန်းကလေးစိတ်တိုစွာနဲ့သူ့ပုခုံးအားသွေးစို့တဲ့ထိကို.က်ပစ်လိုက်ပေမယ့်သူကတစ်ချက်မညီးညူပဲသူမခေါင်း(နောက်စေ့)ကိုကိုင်ထားကာ

''ကျေနပ်ပြီလားကလေး မကျေနပ်သေးရင်ထပ်ကို.က်ဦး''

နောက်ဆုံးတော့ပန်းကလေးကပဲအရူးလိုတစ်ယောက်တည်းစိတ်ဆိုးဒေါသထွက်နေခဲ့ပြီးသူကတော့သူမအားစိတ်ရှည်လက်ရှည်ချော့နေခဲ့လေသည်။

You are mine [completed]Where stories live. Discover now