Part.17

2.3K 41 0
                                    

ဇင်ယော်ဖြူအလုပ်နားရက်အိမ်သို့ခဏပြန်လာစဥ်သူမအိမ်ရှေ့မှာရပ်ထားတဲ့ကားကြောင့်သူမမျက်နှာတစ်ခုလုံးမဲမှောင်သွားရ​၏။
ကားပေါ်ကဒါရိုက်ဘာနဲ့အိမ်တံခါးပွင့်နေတာကိုအမြင်မှာသူမစိတ်ကနှစ်ဆနောက်ကျိသွားရသည်။

သူမဘောက်ဆတ်ဘောက်ဆတ်နဲ့အိမ်ထဲဝင်ဝင်လာချင်း မင်းသူအောင်က

''ပြန်လာပြီလားချစ်မိန်းမလေး''

ဇင်ယော်ဖြူကမျက်နှာကိုတင်းပြီးဆံပင်တုကိုဖယ်ချလိုက်တော့ဖွာလန်ကြဲသွားသောနဂိုဆံပင်အနီရောင်တိုကပ်ကပ်ကိုလက်နဲ့သပ်ပြီးမင်းသူအောင်ရှေ့မှာဝင်ထိုင်လိုက်၏။

''အခြေအနေဘယ်လိုလဲ''

''ကျွန်မအလုပ်ထုတ်ခံရတော့မလို့ နေ့စက်ကွင်းနဲ့ပန်းကသစ်နီကိုဒူးထောက်တောင်းပန်လိုက်ရတယ်''

''နင်ကဘာသွားလုပ်လို့လဲ နင်ကိုကြိုပြောထားမယ်နော်ဇင်ယော်ဖြူ ငါခိုင်းရင်ခိုင်းတာကိုပဲလုပ် အပိုအလုပ်တွေမလုပ်နဲ့ နင်လုပ်ရမှာပန်းကသစ်နီကိုဒုက္ခပေးဖို့ ပန်းကသစ်နီကိုထိတာကနေ့စက်ကွင်းအတွက်သူ့ကိုဓားနဲ့အကြိမ်ပေါင်းများစွာထိုးသ.တ်တာထက်ပိုနာတယ် နားလည်လား''

လက်နှစ်ဖက်မရှိတော့တာတောင်လေသံမလျှော့သောသမီးရည်းစားထက်ပိုကာတရားဝင်ခင်ပွန်းလည်းမဟုတ်နေသောမင်းသူအောင်အားခပ်မဲ့မဲ့ကြည့်ရင်း

''ကျွန်မသိတယ် ဆရာလာမလုပ်နဲ့ ရှင်အဲလောက်သိနေတတ်နေရင်ကိုယ့်ဘာသာလုပ်လေ''

''ကောင်မ နင်ကများငါ့ကိုလေသံမာရဲတယ်ဟုတ်လား''

လက်တွေကအကောင်းတိုင်းရှိမနေတော့ရှိတဲ့ခြေထောက်နဲ့ပဲသူငွေဇင်ယော်ကိုလှမ်းကန်ရာသူမကသူ့ခြေထောက်ကိုရိုက်ချပြီး

''ဒီမှာ ရှင်ကဒုက္ခတိ ကျွန်မကိုလာပြီးကာမပြန်နဲ့ နေ့စက်ကွင်းက​ေ.သလောက်အောင်ချမ်းသာတာ မျက်စိရှေ့မှာငွေတွင်းကြီးရှိနေတာကိုဒီအတိုင်းထိုင်ကြည့်နေရအောင်က ကျွန်မကသောက်ရူးမဟုတ်ဘူးနားလည်လား ပြန်တော့ ကျွန်မနားချင်ပြီ''

''နင်''

''ဦးမျိုး ရှင့်ဆရာကိုလာခေါ်''

ပြောပြီးသူမကအခန်းထဲဝင်သွားလေ၏။
လူကဖြင့်ဘာမှသုံးစားလို့ရမနေတော့တာတောင်ခုထိအာချောင်ချင်တုန်း။

You are mine [completed]Where stories live. Discover now