Part.7

2.8K 51 0
                                    

ဂန္ဓဝင်သူမရှေ့မှာထိုင်နေတဲ့သူအားမျက်တောင်မခတ်တမ်းကြည့်ပြီးသူပြောလာတာတွေကိုနားထောင်နေ၏။

''ဒေါ်ရွှေစင်အဲဒီရပ်ကွက်ကိုပြောင်းလာတာကအဲမှာသူ့အမေရှိလို့တဲ့ သူစရောက်ကတည်းကသူ့မှာတစ်လအရွယ်သမီးလေးတစ်ယောက်ပါတယ်တဲ့ ကလေးအဖေက​ေ.သသွားတယ်ပြောတယ် ဒါပေမယ့်သိပ်မကြာခင်အချိန်အတွင်းယောကျ်ားတစ်ယောက်ကသူတို့အိမ်ကိုအမြဲဝင်ထွက်သွားလာပြီးတစ်ခါလာတိုင်းမုန့်နဲ့တစ်ခြားပစ္စည်းတွေပါပါလာတတ်တယ်တဲ့ သူတို့ပြောတာတော့ဒေါ်ရွှေစင်နဲ့အဲ့လူကဘာလိုလိုဆိုလား သူ့သမီးလေး လေးဘက်သွားတဲ့အရွယ်မှာဒေါ်ရွှေစင့်အမေပါဆုံးပါးသွားတယ်တဲ့ အဲ့နောက်ပိုင်းအဲဒီလူကအိမ်မှာပိုပြီးဝင်ထွက်လာတယ်လို့ပြောတာပဲ သူ့သမီးလေးနှစ်နှစ်လောက်မှာအဲလူကြီးရဲ့မယားကြီးလိုက်လာပြီးအရှက်ခွဲသွားတယ်တဲ့ နောက်နေ့မှာပဲဒေါ်ရွှေစင်နှလုံးအမောဖောက်ပြီးဆုံးသွားခဲ့တယ် ကလေးကိုလည်းအဲလူကြီးမိသားစုကခေါ်သွားတယ်တဲ့''

''ဪ အဲလိုလား စက်ကပန်းကလေးကိုအဲဒါကြောင့်ဖိနှိပ်ထားတာလား ငါ့အထင်စက်ရဲ့အဖေနဲ့အန်တီရွှေစင်ကအဲလိုလုံးဝမဟုတ်တာသေချာတယ်''

''သူတို့ကနင်နဲ့ဘယ်လိုပတ်သက်နေလို့လဲ''

''အခုပြောလို့မရသေးဘူး ငါသေချာဂဃဏနသိအောင်လုပ်ရဦးမယ်''

''ဘာလဲတော့မသိပေမယ့် အကယ်၍နင်သေချာသိခဲ့ရင်နင်ဘာလုပ်မှာလဲ''

''ဝင်ပါရမှာပေါ့ အရင်ကရေငုံနှုတ်ပိတ်နေခဲ့မိလို့ မိသားစုတစ်ခုပြိုကွဲပျက်စီးသွားတယ်လေ''

''နင်ပြောတာတွေငါနားမလည်ပေမယ့်လည်း နင်အခုလိုတွေးတာကိုကသူတော်ကောင်းမှန်းသိသာနေပါပြီ''

သူမပြုံးရုံသာပြုံးလိုက်သည်။ဒီပြဿနာတွေရဲ့အဆုံးမှာလူတစ်ယောက်ချင်းစီ ပြောရရင် နေ့စက်ကွင်းနဲ့ပန်းကလေးတို့ရဲ့ရလာဒ်တွေကဘယ်လိုတွေဖြစ်နေမှာပါလိမ့်။

💞💞💞

မနက်မိုးလင်းတာနဲ့ပန်းကလေး ဦးစက်အတွက်အဝတ်အစားအရန်သင့်ထုတ်ပေးပြီးသား။
ဦးစက်ရေချိုးခန်းထဲကထွက်လာတာနဲ့သူ့အတွက်အားလုံးကအဆင်သင့်နှင့်..။

You are mine [completed]Donde viven las historias. Descúbrelo ahora