Part.16

2.4K 46 2
                                    

ဂန္ဓဝင်ရဲ့အိမ်မှာနှစ်လခန့်အတူနေခဲ့တဲ့အတောအတွင်းပန်းကလေးဆီကအကြင်နာအကြည့်နဲ့စကားချိုချိုလေးသူတစ်ခါမှမကြားခဲ့ရပါ။

ဒီနေ့တော့သူတို့နှစ်ယောက်လုံးကိုယ့်အိမ်ကိုပြန်ပြောင်းလာခဲ့ပါပြီ။
ပန်းကလေးဆေးခန်းပြတဲ့အခါအခက်အခဲရှိတဲ့အတွက်ဂန္ဓဝင်ကနေတစ်ဆင့်ပန်းကလေးကိုနားချခိုင်းပြီးပြန်ပြောင်းလာခဲ့ရတာပါ။

ဒါတောင်ခေါင်းမာတဲ့သူ့ကလေးကိုတစ်ပတ်တိတိနားချခဲ့ရတာ။

''သမီးပြန်လာတာဒေါ်လေးအရမ်းဝမ်းသာတာပဲ သမီးကကိုယ်ဝန်ကြီးနဲ့ဆိုတော့ဒေါ်လေးကစိတ်ပူနေတာ စက်ကွင်းကလည်းဘာအားကိုးရမှာမို့လို့လဲ''

ဦးစက်သူမအားလိုလေသေးမရှိဂရုစိုက်ပေးခဲ့ကြောင်းပန်းကလေးပါးစပ်ကထုတ်မပြောဖြစ်ခဲ့ပါ။

''ကဲကဲ သမီးသွားနားဦး စက်ကွင်း ကလေးကိုခေါ်သွား''

''ဟုတ်ကဲ့တီတီ''

သူပန်းကလေးလက်ကိုဆွဲမယ်လုပ်တော့သူမကအဆွဲမခံပဲရှောင်ကွင်းပြီးတစ်ယောက်တည်းအိမ်ပေါ်တက်သွားလေ၏။

အပေါ်ထပ်အခန်းထဲရောက်တော့သူမက

''ကျွန်မဒီအခန်းထဲမှာအိပ်မှာ ရှင်ကတော့ကြိုက်တဲ့နေရာမှာသွားအိပ် ကျွန်မရှင်နဲ့တစ်ခန်းတည်းမအိပ်နိုင်ဘူး''

''အင်းပါ ကလေးသဘောပါ''

''ကျွန်မအခန်းထဲရှင်ယောင်လို့တောင်မဝင်ခဲ့နော်''

''ဟုတ်ပါပြီ ဒါပေမယ့်ကလေးမနက်မျက်နှာသစ်ဖို့ ရေချိုးဖို့နဲ့တစ်ခြားဝေယျာဝစ္စတွေတော့ကိုယ်လာလုပ်ပေးချင်တယ် ရမလား''

သူမကဘာမှပြန်မပြော။

''အဲဒါဆိုကလေးခွင့်ပြုတယ်သတ်မှတ်လိုက်မယ်နော် ပြီးတော့ကလေးအဖော်ရအောင် ကိုယ်မရှိတဲ့အချိန်ဂရုစိုက်ပေးလို့ရအောင်အိမ်အကူတစ်ယောက်လောက်ခေါ်လိုက်​မယ် ဒေါ်ငွေဖြူကလည်းအသက်ကြီးနေပြီဆိုတော့ရှိသမျှအလုပ်တွေသူပဲလုပ်နေရတာအဆင်မပြေဘူးလေ ကလေးခွင့်ပြုမလား ကလေးသဘောမတူလည်းရတယ်''

''ရှင့်သဘောပဲ ကျွန်မအိပ်ချင်ပြီ သွားတော့''

''အင်း တစ်ခုခုလိုရင်ကိုယ့်ကိုခေါ်နော်''

You are mine [completed]Onde histórias criam vida. Descubra agora