Part.13

2.6K 46 0
                                    

''စက်ကွင်း မင်းနဲ့ဂန္ဓဝင်ဆိုတဲ့ကောင်မလေးကဘာလဲ''

သူအိမ်ပြန်ရောက်ရောက်ချင်းမီးဖိုခန်းထဲဂင်ကာရေသောက်နေတုန်းသူ့အဒေါ်ကမေးလာခြင်းပင်။

''ဒီအတိုင်းမိတ်ဆွေပါ''

''ဟုတ်ရဲ့လား အဲ့ကောင်မလေးနေ့လည်ကလည်းအိမ်ကိုလာသေးတယ်''

''ဟင် သူဘာလာလုပ်တာလဲ''

''ဘာရယ်မဟုတ်ဘူး ပန်းကလေးနဲ့စကားပြောပြီးပြန်သွားတာပဲ''

''ပန်းကလေးအိမ်ပေါ်မှာလား''

''အင်း''

သူချက်ချင်းပဲအိမ်ပေါ်ပြေးတက်လာခဲ့လိုက်၏။
သူအခန်းထဲရောက်တော့ပန်းကလေးကခေါင်းအုံးဖုံးတွေလဲနေ၍သူပန်းကလေးလက်ထဲကခေါင်းအုံးတွေကိုဆွဲဖယ်ကာသူမအားလက်မောင်းမှကိုင်ကာမတ်တပ်ရပ်စေပြီး

''ကလေး နေ့လည်ကဂန္ဓဝင်လာသွားတယ်ဆို သူကလေးကိုဘာတွေပြောသွားသေးလဲ''

''ဘာ ဘာမှမပြောပါဘူးဦးစက်ရဲ့''

''သေချာရဲ့လား ကိုယ့်ကိုမညာနဲ့နော်''

''ဟုတ် မညာပါဘူးဦးစက်''

သူထိုအခါမှစိတ်အေးသွားပုံနဲ့ပန်းကလေးအားဖက်လိုက်ကာ

''ကလေး အရင်ကကိုယ်ကလေးအပေါ်မှာအများကြီးမှားခဲ့တာသိပါတယ် အခုကိုယ်ပြန်ပြင်ဆင်နေပြီမို့ကလေးကိုယ့်အနားကထွက်မသွားနဲ့နော် ကလေးကိုယ့်ကိုပြန်လက်စားချေလည်းရတယ် မုန်းချင်လည်းရတယ်ကွာ အရေးကြီးတာကကလေးကိုယ့်အနားမှာရှိနေဖို့ပဲ ကိုယ့်ကိုမုန်းချင်လည်းကိုယ့်အနားမှာနေပြီးမုန်း''

''ပန်းကလေးကဘာလို့ဦးစက်ကိုမုန်းရမှာလဲဟင်''

သူပန်းကလေးခေါင်းလေးကိုကိုင်ကာဆံပင်လေးတွေကိုအသာပွတ်သပ်ကာ

''ကံကြမ္မာဆိုတာ​ကြိုပြီးတွက်ဆလို့မရလို့ပေါ့ကလေးရယ်''

''ဦးစက်ဘာဖြစ်နေတာလဲဟင် ဦးစက်ကအများကြီးပြောင်းလဲသွားတဲ့အပြင်ပန်းကလေးကိုအများကြီးချစ်ပေးနေပေမယ့်ပန်းကလေးစိတ်ထဲခုနေတယ် ပန်းကလေးတစ်ခုခုကိုစိုးရိမ်ပြီးကြောက်နေတယ် ဦးစက် ပန်းကလေးကိုတစ်ကယ်ချစ်တာဟုတ်ရဲ့လား ပန်းကလေးကိုမုန်းတဲ့နောက်ထပ်တစ်နည်းလားဟင်''

You are mine [completed]Where stories live. Discover now