Part.11

2.9K 44 1
                                    

မျက်စိရှေ့မှာမြင်နေရတဲ့ပင်လယ်ကြီးကိုကြည့်ပြီးပန်းကလေးမျက်လုံးတွေအရောင်တောက်သွားရ၏။
သူမအရင်ကပင်လယ်ဆိုတာကိုတီဗွီထဲမှာပဲမြင်ဖူးခဲ့တာပါ။

''ဝါးး ပင်လယ်ကြီး''

ပန်းကလေးအရာအားလုံးကိုမေ့ပြီးပင်လယ်ရှိရာဆီပြေးသွားလိုက်မိသည်။
စက်ကွင်းပင်တားချိန်မရလိုက်။

''အားးး ပျော်လိုက်တာ''

ကမ်းစပ်နားမှာအော်ဟစ်ခုန်ပေါက်နေသောသူမအားအနားမှာရေဆော့နေကြတဲ့သူတွေနဲ့ဖြတ်သွားဖြတ်လာလူတွေကအထူးအဆန်းသဖွယ်ကြည့်ကြည့်သွားကြလေသည်။

''အရမ်းပျော်လိုက်တာ အိပ်မက်မက်နေသလိုပဲ''

စက်ကွင်း ရေထဲဆင်းကာပျော်ရွှင်နေသောသူမထံခပ်ဖြည်းဖြည်းလျှောက်လာ​ပြီး

''ပန်းကလေး ခရီးပန်းလာတယ်မလား သွားနားမယ် နေ့လည်စာလည်းမစားရသေးဘူး ငါဗိုက်ဆာနေပြီ''

''ဦးစက်အရင်သွားပါ ပန်းကလေးရေဆော့ချင်သေးတယ်''

''မင်းဗိုက်မဆာဘူးလား''

''ဟင့်အင်း မဆာပါဘူး ဦးစက်အရင်သွားစားလိုက်ပါ''

''ငါကမင်းနဲ့အတူစားချင်တာလေ''

''ပန်းကလေးမှမစားချင်တာဦးစက်ရဲ့''

ပြောလို့မရတဲ့ပန်းကလေးကစက်ကွင်းစိတ်မရှည်စွာနဲ့ပွေ့ချီလိုက်ပြီးဟိုတယ်ရှိရာဆီပြန်ခေါ်လာလေ၏။

ပင်လယ်ကိုနှမြောတသလှမ်းကြည့်နေသောသူမအားငဲ့ကြည့်ပြီးစက်ကွင်းမသိမသာပြုံးရင်း

''ပင်လယ်ကဘယ်မှထွက်မပြေးဘူး ဒီမှာတစ်ပတ်နေမှာ မင်းကြိုက်သလောက်ဆော့လို့ရတယ်''

''တစ်ကယ်လားဦးစက်''

''အင်း''

ထိုအခါမှသူမမျက်နှာလေးကပြုံးယောင်သမ်းသွား၏။

_________

နေ့လည်စာစားကြတော့မှာထားတဲ့ပင်လယ်စာတွေကိုကြည့်ပြီးပန်းကလေးနှာခေါင်းရှုံ့ကာ

''ဦးစက် ဒါကဘာကြီးလဲ''

သူပန်းကလေးလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်ပြီး

You are mine [completed]Where stories live. Discover now