Part - 1

1K 71 12
                                    

Alaska, US

ဘားထဲမှ သီချင်းသံက တံခါးဖွင့်လိုက်သောအခါ အပြင်ထိ ခပ်သဲ့သဲ့လျှံကျလာသည်..။ နောက်ဖေးတံခါးမှ လူရိပ်နှစ်ခုက ပူးကပ်နမ်းရှုံ့ကာ ယိုင်နဲ့နဲ့ထွက်လာကြသည်..။ အပြင်မှာရှိသော လုံခြုံရေးနှစ်ယောက် မျက်နှာက ပြောင်းမသွား..။ ဒါမျိုးတွေက သူတို့အတွက် ရိုးနေပြီ..။ ညစဉ်ညတိုင်း ဘားဘေးက ချောင်ကျသော လမ်း‌ထဲကို အတွဲတွေ ဝင်သွားကြမည်..။ One night standရင်း မော်တော်စက် ကြမည်..။ blow job or hand job ခပ်မြန်မြန်ပေးကြမည်..။ ရိုးအီနေပြီ..။

နောက်ဖေးလမ်းကြား ဓာတ်မီးတိုင်အောက်မှာ လူနှစ်ယောက်မျက်နှာကို ဖျတ်ကနဲတော့ ကြည့်လိုက်‌မိသေးသည်..။ ကောင်လေးကော ကောင်မလေးကော ခပ်ချောချော..။ ကောင်လေးက Eye linerခပ်နက်နက်ဆွဲထားကာ punk style မျိုး..။ မျက်နှာက ခပ်သွယ်သွယ်..။ အသားအရေက ညအမှောင်ထဲမှာ ဖြူဖွေးနေသည်..။ ခန္ဓာကိုယ်ကလည်း တောင့်တောင့်ဖြောင့်ဖြောင့်..။

ကောင်မလေးကလည်း မခေ..။ ရင်ဟိုက်ဂါဝန်အတိုက ပေါင်တဝက်ပင် မဖုံး..။ ရင်ကားကား တင်ထွားထွားနှင့် ခပ်ကိတ်ကိတ်ထဲကပဲ..။ နီရဲနေသော နှုတ်ခမ်းက အမှောင်ထဲမှာပင် glowနေသည်..။

ခြုံပြောရရင်တော့ မထူးဆန်းတဲ့ သာမန် ညတညပါပဲ...။

ထူးဆန်းတာတွေ ဖြစ်မလာသေးခင် အချိန်ထိပေါ့..။

ပူးကပ်နေသော အတွဲက လမ်းကြားထဲကို ရောက်လာသည်..။ ကောင်လေးက ကောင်မလေးကို နံရံနှင့် ဆောင့်ကပ်လိုက်သည်..။ နှစ်ယောက်လုံး အသက်ရှူသံက ခပ်ဟိုက်ဟိုက်..။

ရှေ့ကကောင်လေးကို ကြည့်ကာ အေမီလျှာသပ်လိုက်မိသည်..။ သူ့အတွက် long time no sex နေရတာ ကြာနေပြီ..။ ဒီတယောက်ကတော့ တညလုံး သက်လုံကောင်းမယ့်ပုံပဲ..။ ဒီနေရာမှာ Quick fuck လုပ်တာ အဆင်ပြေရင် ဟိုတယ်ထိသွားမည်..။ တညလုံး စိတ်ကြိုက် သောင်းကျန်းပစ်လိုက်စမ်းမည်..။

သူမအတွေးတွေကို ကိုလူချောက ရိပ်မိဟန် တူသည်..။ မျက်ခုံးပင့်ကာ ခပ်မြူးမြူးပြောလာသည်..။

"အရမ်း ဆာနေပြီလား"

"ဘယ်လိုထင်လဲ"

"ကိုယ်ကတော့ ဆာနေပြီ"

Moonlight SonataWhere stories live. Discover now