Part - 16

407 48 41
                                    

ခုတလော ရှောင်းကျန့်ကို တက္ကသိုလ်မှ ဆရာတွေ အရမ်းသဘောကျနေကြသည်..။ Vampire မှတ်ဉာဏ်နှင့် သူ့မှာ စာမေးပွဲကျစရာ မလိုတော့..။ စာကြည့်စရာကို မလိုတာ..။ စာမေးတိုင်းလဲ အကုန်ရ..။ မရလည်း ကိုကိုက လေသံတိုးတိုးနဲ့ ပြောပြလိမ့်မယ်..။ ကိုကိုက အကုန်သိတာ သိလား..။ Google ကြီးလိုပဲ..။ Google ကတောင် လိုင်းမကောင်းရင် ကြာနေဦးမယ်..။ ကိုကိုက မြန်မှမြန်..။

တချို့ဆရာတွေကကျ ရုတ်တရက်ကြီး စာတော်လာသော ရှောင်းကျန့်ကို သင်္ကာမကင်းချင်..။ သူငေးနေသည်ထင်လျှင် အလစ်အငိုက်ဖမ်းပြီး စာမေးတတ်သည်..။ ‌ဖြေနိုင်တာပါပဲ..။ သူက ခုတလော ငေးတော့ငေးသည်..။ တွေးနေတာဆိုလျှင် ပိုမှန်မည်..။ မားက ချုံချင့်လာလျှင် အိမ်မှာ တည်းမည်တဲ့..။ သူ မားနှင့် မနေချင်..။ ပါးကို ဒီအတောအတွင်း ကိုကိုတို့အိမ် သွားနေမည့်အကြောင်း ဘယ်လို သတ္တိမွေးပြီး ပြောရမလဲ တွေးနေတာ..။

"အတန်းချိန် ဘယ်လိုနေလဲ"

ကိုကိုက‌ မေးသည်..။ ရှောင်းကျန့်တို့က Canteen မှာထိုင်နေတာ..။ ဒီနေ့ Dannyတို့ ကျောင်းမလာ..။ သူတို့ နှစ်ယောက်ထဲ..။ Canteen ထဲက လူတွေက သူတို့ကို မသိမသာတမျိုး သိသိသာသာ တဖုံ ချောင်းကြည့်နေကြသည်..။ တကယ်ပဲ.. အရင်က LGBT Couple တွေ မမြင်ဖူးဘူးလားမသိ..။

"အဆင်ပြေပါတယ်"

ရှောင်းကျန့်က ရိပေါ် ပခုံးစွန်းလေးကို မှီလိုက်သည်..။ ဘယ်သူ ဘာထင်ထင် စွဂရုမစိုက်ပါဘူးနော်..။ ရည်းစားမရှိတုန်းက FAကောင်လို့ နှိမ်ချင်ကြတဲ့သူတွေကို ကြွားပြီး ချေမိုးပြလိုက်မယ်..။ သူ့စိတ်ကူးထဲက ရည်းစားနဲ့ နည်းနည်းလွဲပေမယ့်လည်းပေါ့..။ ဟုတ်တယ်.. နည်းနည်းလေးပဲ လွဲတာပါ.. Dietလေးပဲ..။

သူ ခု ကိုယ့်ဟာကိုယ်တော့ အတော်အသင့် ထိန်းချုပ်နိုင်လာပြီ..။ ကိုကိုရယ် Danny‌ေကာနဲ့ ရွှေလန်ကောရယ်က ဝိုင်းလေ့ကျင့်ပေးကြသည်..။ Catherine ကောပဲ..။ Catherine က မိန်းမကောင်းလေးပါ.. သူ့ပါးကိုလည်း တကယ်ချစ်ပုံပဲ..။ သူ့ပါးကို Catherine က အကြောင်းစုံ ပြောပြလိုက်ရင် ကောင်းမှာပဲ..။ ဒါဆို ကိုကိုတို့အိမ်ကို ကြိုက်သလို သွားလို့ရပြီ..။

Moonlight SonataOpowieści tętniące życiem. Odkryj je teraz