Part - 14 🔞🔞

734 50 55
                                    

"အရှင် Desperion ကို ဒီနေရာမှာ တွေ့မယ်လို့ လုံးဝ မမျှော်လင့်ခဲ့ဘူး"

ပြောလိုက်သူက Catherine ..။ Catherineက ရှောင်းပါး မကြား‌နိုင်သည့် လေသံနှင့် ပြောသည်..။ ဝမ်ရိပေါ်ရော ရှောင်းကျန့်ရောကတော့ ကောင်းကောင်းကြားနိုင်သည်..။

Catherine က အရင်က Mophia နှင့် တဖွဲ့ထဲ..။ သူ့မှာ အထွေအထူး အထင်ကြီးစရာ giftမရှိသဖြင့် တမာန်တော် အဖြစ် အရွေးချယ်မခံရ..။ တမာန်တော်အဖြစ် Mophia  ဟိုဟိုဒီဒီ တာဝန်ထမ်းဆောင်ရတော့ Catherine ကလည်း အနေကျပ်၍ ထင်သည်..။ ဝမ်ရိပေါ်ဆီက ခွင့်တောင်းပြီး တကိုယ်ထဲပဲ နေတော့သည်..။

"Same here"

ဝမ်ရိပေါ်က ပြန်ပြောရင်း သူ့ပါးကို စိုးရိမ်၍ သူ့ပါးဆီ သွားမည်တကဲကဲဖြစ်နေသော ရှောင်းကျန့်ကို ဆွဲထားသည်..။

"စိတ်လျှော့ကောင်လေး.. ငါ မင်းပါးကို အန္တရာယ်ပြုချင်မှဖြင့် ဒီထိတောင် လိုက်မလာဘူး"

"အဟမ်း.. သူက ငါ့ရဲ့ လက်တွဲဖော်ပဲ.. စကားပြောတာလေး ဆင်ခြင်ရင်ကောင်းမယ်"

Catherine မှာ အံ့ဩလွန်း၍ ခလုတ်တိုက်တော့မလိုတောင် ဖြစ်သွားသည်..။ နှစ်ထောင်ချီ Vampire တယောက်အဖို့ သူမ အံ့ဩအောင် လုပ်နိုင်သည့် ကိစ္စက ခပ်ရှားရှား..။

"ဪ..."

Catherine က ရိပေါ်တို့နှင့်ပြောနေရင်း ရှောင်းပါးကိုလည်း အာရုံစိုက်နိုင်ပုံရသည်..။ "ဘာမှမသောက်တော့ဘူး"ဟု လှမ်းပြောနေသည်ကို ကြားရ၏..။ ပြီးနောက် Toilet ခဏသွားချင်လို့ ဘယ်မှာလဲဟု မေးပြီး ထထွက်လာခဲ့သည်..။

ထွက်လာပြီး သူက ရှောင်းကျန့်အခန်းထဲ ဝင်လာသည်..။ တညလုံး ချန်အာ တဖွဖွပြောနေတဲ့ သူ့သားဆိုတာ ဒါလေးပေါ့..။ သားလေးက ကလေးက နဲ့ ပြောနေတော့ ပေါက်စလေး မှတ်နေတာ..။ အင်း.. ခုလည်း ပေါက်စလေးနဲ့ သိပ်တော့မကွာပါဘူး..။

"မင်းအနံ့က တမျိုးပဲ.. ဘာလို့ပါလိမ့်"

"မင်း.. ထူးခြားမှုကို ခံစားမိလို့လား"

ဝမ်ရိပေါ်က တအံ့တဩမေးသည်..။ သူ့အတွက်တော့ ရှောင်းကျန့် ရနံ့ကို ထူးထူးခြားခြား မခံစားမိ..။ ဒီတိုင်း စွဲမက်စရာ ကောင်းတာကလွဲရင်ပေါ့..။

Moonlight SonataWhere stories live. Discover now