Part - 3

690 69 42
                                    

Leo တဖြစ်လဲ ဝမ်ရိပေါ်တယောက် shopping ထွက်နေရသည်...။ Danny က သူ့ကို တွန့်ဆုတ်တွန့်ဆုတ်နှင့် အကြံပြုလာသည်လေ..။

"အ...အဲ.. ရိပေါ် ဒီ long coatကြီးတွေက တက္ကသိုလ်ကျောင်းသား စတိုင်တော့ မဟုတ်ဘူးရယ်.. အသစ်ဝယ်မှ ဖြစ်မယ်.."

"အင်း.. အဆင်ပြေတာ ကြည့်ဝယ်ခဲ့လိုက်"

အဲ့လိုလုပ်လို့ မရဘူးလေ.. အရှင်ရယ်.. ဝယ်ပြီးမှ မကြိုက်ရင် နောက်တခေါက် ပြန်ထွက်နေရမယ်..။

"ဟို.. ကိုယ်တိုင် လိုက်ကြည့်လှည့်ပါလား... မြို့ရဲ့ အနေအထားကိုလည်း အကဲခတ်လို့ရတာပေါ့"

သူ့ကို အလုပ်နဲ့မျှားမှ သူက အပြင်ထွက်လာမှာ..။ ဟူး.. မလွယ်ဘူး...။

"ကောင်းပြီလေ.. ဒါဆိုလည်း သွားကြတာပေါ့"

သို့နှင့် ဈေးဝယ်စင်တာသို့ သူတို့ရောက်လာကြသည်..။ Dannyရယ်.. ဝမ်ရိပေါ်ရယ်.. Raenaရယ်..။

အဝတ်အစားတွေ ကြည့်နေစဉ် ခပ်ချိုချို အသံတခုက သူ့နားထဲတိုးဝင်လာသည်..။

"ပါး.. တော်ပြီလို့.. ဒီညဝတ်အင်္ကျီက ဘာလုပ်မှာလဲ"

ဪ.. ဟိုနေ့က လေဆိပ်မှာ တွေ့ခဲ့တဲ့ကောင်လေးပဲ..။ သူ့အဖေပြောတာလဲ ဟုတ်တာပဲ..။ ကောင်လေးက လုံးဝ ယုန်လေးနဲ့ တူတယ်...။ ယုန်လေးကိုမှ အမွေးဖြူဖြူနဲ့ ယုန်ကလေး...။

"အဟက်.."

ခဏ..။ သူအခု အသံထွက်ပြီး ရယ်လိုက်မိတာလား..။

ကောင်လေးက ဖျတ်ကနဲ လှည့်ကြည့်သည်..။ သူ့ရယ်သံကို ကြားသွားလို့ နေမှာပေါ့..။

ဒါက ဒုတိယအကြိမ်မြောက် မျက်လုံးချင်းဆုံတာပဲ..။ ပုံမှန်အားဖြင့် vampire တွေမှာ သူတို့၏ သားကောင်ကို ဆွဲဆောင်ဖို့ ညှို့ငင်မှုတမျိုး ရှိတတ်သည်..။ လူသားတွေဘက်ကကြည့်လျှင် ပင်ကို မသိစိတ်က ဒါဟာ အန္တရာယ်ဟု အလိုလို သိနေသောကြောင့် ကြောက်ရွံ့မှု အနည်းငယ်ရှိတတ်သည်..။

သူ့ကိုကြည့်နေသော ကောင်လေး၏ မျက်လုံးတွေက ကြည်ကြည်စင်စင်..။ ကြောက်ရွံ့ဟန်လည်း မရှိသလို သူ့ဆွဲဆောင်မှုမှာ နစ်မျောဟန်လည်း မရှိ..။

"အရှင်.. ဘာဖြစ်လို့လဲ"

"ရိပေါ်လို့ ခေါ်ပါဆို.. ဘာမှမဖြစ်ဘူး.. အဲ့ဒီကောင်လေးက ဘယ်သူလဲ ငါသိချင်တယ်"

Moonlight SonataWhere stories live. Discover now