Part - 22 🔞🔞

547 35 37
                                    

ရှောင်းကျန့် ကိုကိုတို့နှင့်ပဲ နေဖြစ်တော့သည်..။ ပို၍ ပို၍လည်း လျင်မြန်ကာ သန်စွမ်းလာသည်..။ သူ့ကို အခု ဘယ်သူမှ နုနယ်တဲ့ ပေါင်ပေါင်းလေးလို့ ခေါ်လို့မရတော့ဘူး..။ သူလည်း သန်မာလာပါပြီနော် ဟွန့်..။ ကိုကိုတို့နှင့် အတူ ပြေးနိုင်သည်..။ အကြာကြီးတော့မရ..။ သူ မောလာတတ်သည်..။

ရှောင်းကျန့် giftရပြီး မကြာ..။ မားရယ်.. သူ့ပထွေးလောင်းရယ်.. ရှောင်းစစ်ရယ် ပြန်သွားကြသည်..။ ရှောင်းကျန့်က ဒီအတောအတွင်း အိမ်မပြန်..။ ပါးတို့ကော ကိုကိုကော မပြန်စေချင်..။ သူ မားကို စိတ်ဆိုးပြီး နောက်တခါ ထပ်ဖြစ်မှာ စိုးလို့တဲ့..။ မားကတော့ သူ့သား ရှောင်းကျန့်ကို မတွေ့ရ၍ မကျေမနပ်နှင့်ပဲ ပြန်သွားသည်..။

ရွှေလန်က ရှောင်းကျန့် Giftကို မှတ်တမ်းတအုပ်သပ်သပ်ထားပြီး လေ့လာသည်..။ ဒီလို gift မျိုးသူ မတွေ့ဖူးဘူး..။

လောလောဆယ်တော့ ရှောင်းကျန့် ဝမ်ရိပေါ်အခန်းထဲမှာ အိပ်ပျော်နေရှာသည်..။ သူက တညလုံး မအိပ်ပဲနေဖို့ ကြိုးစားကြည့်သေးသည်..။ မရ..။ ညသန်းခေါင်ကို ဆယ့်ငါးမိနစ်ကျော်ရင် အလိုလို ငိုက်လာသည်..။ ထို့ကြောင့် ရှောင်းကျန့် အိပ်ချိန်မှာ ဘယ်သူမှ မဆူညံရဟု ဝမ်ရိပေါ် အမိန့်ထုတ်ထားသည်..။

"သူ ခုဏမှ အိပ်ပျော်သွားတာ.. တိတ်တိတ်နေကြ"

Mophiaက သတိပေးသည်..။

"ဘာလို့တုန်း.."

ဝမ်ရိပေါ်တို့က Stanjer အကြောင်း စုံစမ်းရာမှ ပြန်လာခြင်း..။

"အရှင် မရှိတော့ လွမ်းလို့တဲ့"

ဝမ်ရိပေါ်က ခပ်ပြုံးပြုံးနှင့် ခေါင်းယမ်းရင်း အပေါ်တက်သွားသည်..။ သူ့လူသားလေးကို မြင်ချင်လှပြီ..။ တခဏတာဝေးပေမယ့် ရက်ပေါင်းခုနစ်ရာဆွေးရသည့် ကိန္နရီမောင်နှံကို ပိုသည်ဟု ထင်ခဲ့တဲ့ ဝဋ်တွေ လည်ပြီ..။

ရှောင်းကျန့်သူ့ကို လွမ်းသလို သူလည်း လွမ်းပါသည်..။ ပိုတောင် ပိုဦးမည်ထင်သည်..။ သူ့ရဲ့ မခုန်နိုင်သော နှလုံးသားလေးတောင် နွေးထွေးလာသလိုပင်..။ သူ့ရဲ့ မကုန်ဆုံးနိုင်သော နေ့တွေ ညတွေကို အတူဖြတ်သန်းဖို့ သူ လက်တွဲဖော် တောင့်တဖူးသည်..။ နှစ်များစွာအတွင်း သူ့စိတ်ကို မည်သူမျှ မဖမ်းစားနိုင်ခဲ့..။ ဘယ်သူ့မှ စိတ်ဝင်စားလို့မရ..။

Moonlight SonataWhere stories live. Discover now