Part - 10

533 49 30
                                    

ရှောင်းကျန့် အိပ်ချင်မူးတူးနှင့်နိုးလာတော့ မနက်ခြောက်နာရီ..။ နာကျင်တာတွေကတော့ အတော်လျော့သွားပြီ..။ အစောကြီးနိုးလာတာ ရှူရှူးပေါက်ချင်နေလို့..။ အိပ်ရာထဲမှာပဲ ဆက်ကွေးနေချင်သော်လည်း အောက်က ဆန္ဒပြနေပြီ..။ မဖြစ်တော့..။ သူထလိုက်သည်နှင့် ရိပေါ်ကောက အခန်းထဲ ဝင်လာသည်..။ ရိပေါ်ကော အလွန်အမင်းစိုးရိမ်နေပုံကို ကြည့်ပြီး သူတိတ်တခိုးလေး ကျေနပ်သွားသည်..။

ရှောင်းကျန့် ကိုယ့်ဟာကိုယ် ထမည်လုပ်သော်လည်း မော်ဖင်းအရှိန်နှင့် လူက သိပ်မရွေ့လျားနိုင်..။ ဆေးကလည်း ပြင်းလိုက်တာ..။ ရိပေါ်ကောကိုပဲ အကူအညီတောင်းရ‌ေတာ့မှာပဲ..။ ဪ.. ရှောင်ရှောင်းကျန့်.. ။ အဲ့မှာ ခွက်ရှ်ကို ရှူရှူးတည်ခိုင်းနေလိုက်..။

"ကျွန်တော် toiletလေး သွားချင်လို့"

"အိုး.. Ok"

ရိပေါ်က အံ့အားသင့်သွားဟန်..။ အေးလေ.. သူတို့က မိုးလင်းလာရင် ရှူးပေါက်စရာမှ မလိုတာ..။ Vampire ဖြစ်ရတာ တခုတော့ ကောင်းသား..။

ရိပေါ်က သူ့ကို ကူတွဲပေးသည်..။ တော်သေးတယ်.. ကလေးလေးလို ပွေ့ချီမသွားလို့..။ မဟုတ်ရင် ရှက်စရာကြီး..။

သန်မာသော လက်မောင်းနှစ်ဖက်က ရှောင်းကျန့်ကို မြဲမြံစွာ ဖက်ထားသည်..။ ရှောင်းကျန့်က Toiletကို တလှမ်းချင်း သွားသည်..။ ငါ့နှယ်.. နှစ်ရှည်လများ လေဖြတ်နေတဲ့သူ ကျနေတာပဲ..။ တုန်တုန်ချိချိနဲ့..။

"ကျေးဇူးပါ"

ကိစ္စပြီးသွားတော့ ရိပေါ်က သူ့ကို အောက်ထပ်ခေါ်သွားသည်..။ အောက်ထပ်မှာ လူစုံတက်စုံ ရောက်နေကြသည်..။ ရိပေါ်က သူ့ကို ထိုင်ခုံပေါ် ထိုင်စေပြီး အပေါ်ကနေ စောင်လေးတထည် လွှားပေးကာ နောက်ကျောမှ ခေါင်းအုံးပျောပျော့တလုံး ခံထားပေးသည်..။ တကယ်ပဲ.. အဖေကြီးကျနေတာပဲ..။

"နာတာသက်သာလား"

ချင်းရွှေလန်က မေးသည်..။

"ဟုတ်.. သက်သာပါတယ်"

တကယ်တော့ နည်းနည်း နာနေသေးသည်..။ ဒါပေမယ့် သူ့ကို ဆေးထပ်ထိုးမှာ ကြောက်လို့..။

"တော်သေးတာပေါ့"

"ကျေးဇူးပါနော်"

"ကဲ အဓိက အကြောင်းရင်းကို ‌သွားကြစို့.. ဟိုခွေးမသားကို ဘယ်လို ဖမ်းကြမလဲ"

Moonlight SonataWhere stories live. Discover now