Part - 9

561 58 25
                                    

"သူ့ပါးက စိုးရိမ်နေတော့မှာပဲ"

Raenaက သက်ပြင်းချရင်း ပြောသည်..။ သူမက ခုချိန်ထိ ရှောင်းကျန့်နားက တဖဝါးမှ မခွာသေး..။

"ငါ သွားတွေ့လိုက်ပါ့မယ်"

ဝမ်ရိပေါ်လည်း အနားကနေတော့ မခွာချင်..။ ဒါပေမယ့် သူ့အဖေ စိတ်ပူနေရင် ရှောင်းကျန့် စိတ်မကောင်းဖြစ်လိမ့်မည်..။ ပြီးတော့ တမန်တော်လေးယောက်လုံး ရှိနေတာ တော်ရုံလူတော့ ရန်လာစရဲမှာ မဟုတ်ပါဘူး..။

"အရှင် ဘယ်လိုပြောမှာလဲ"

"ငါတို့ အိမ်မှာ ပါတီရှိလို့လို့"

"ရှောင်းကျန့် ကိုယ်တိုင် ဘာလို့ လာမပြောတာလဲလို့ မေးရင်ရော"

"ငါလည်း မသိတော့ဘူး"

ရိပေါ် စိတ်ညစ်ညစ်နှင့် ပြောသည်..။ သူ၏ အလွန်အမင်း အကွက်ချပြီး ကြံရည်ဖန်ရည်ကောင်းသော ဦးနှောက်က ခုတော့ တခုမှ ထွက်မလာ..။

"ကျွန်မ လိုက်ခဲ့မယ်.. သူ့ပါးဘက်ကကြည့်ရင် ကျွန်မက အရှင့်ရဲ့ အုပ်ထိန်းသူပဲ.. လူကြီးတယောက်ပါတော့ သူယုံမှာပါ"

ရိပေါ်က လက်ခံသည့်ဟန် ခေါင်းတချက် ဆတ်ပြသည်..။ သို့နှင့် သူတို့ ရှောင်းကျန့်အိမ်သို့ ထွက်လာခဲ့ကြသည်..။

သူတို့ ရောက်လာသည့် အချိန်ထိ ရှောင်းပါး ရောက်မလာသေး..။ အိမ်တံခါးက ပွင့်လျက်သား..။ သူတို့ ဝင်သွကြည့်တော့ ကော်ဇောပေါ်မှာ သွေးကွက်အချို့တွေ့သည်..။

Mophiaက ရှောင်းပါးပြန်မလာခင် သွေးကွက်ကို ရှင်းပစ်ဖို့ အကြံပေးသည်..။ Vampire တွေ၏ အမြန်နှုန်းနှင့်ဆိုတော့ သိပ်မကြာခင် ရှင်းလင်းပြီးသွားသည်..။ သွေးတွေကို ဆေးကြောနေရင်း ရိပေါ်တယောက် စိတ်မချမ်းသာ..။ သူက ဘယ်လိုတောင် အသုံးမကျတဲ့ကောင်လဲ..။ သူ့ အသည်းအသက်လေး ဒဏ်ရာရပြီး သွေးထွက်နေတဲ့ အချိန်မှာ အနားမှာ ရှိမပေးနိုင်ခဲ့ဘူး..။

"ကားသံကြားတယ်.. ထွက်ကြစို့"

Mophia က ပြောသည်..။ သူမနှင့် ရိပေါ်တို့ အိမ်ထဲမှ အမြန်ထွက်ပြီး ခုနလေးကမှ ရောက်နေသလို ကားကို မှီရပ်နေကြသည်..။ သိပ်မကြာ.. ရှောင်းပါး၏ ကားက အိမ်ရှေ့ရပ်လာသည်..။

Moonlight SonataWhere stories live. Discover now