Part - 2

702 67 31
                                    

ရှောင်းကျန့်တယောက် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ သက်ပြင်းချမိပြန်သည်..။ သူအရမ်းပျင်းနေပြီ..။ သူ့အမေ နှင့် ညီလေးက အပြင်ထွက်ပြီး ဈေးဝယ်နေကြသည်..။ အိမ်မှာ သူ့တယောက်ထဲ..။

ရှောင်းကတော်က သူ့အပေါ် ကောင်းပါသည်..။ ခုတော့ ရှောင်းကတော် မဟုတ်တော့ဘူးပေါ့..။ သူ့အဖေနှင့် အမေက ကွာရှင်းလိုက်တာ ကြာပြီ..။ သူကော သူ့ညီလေးကော အမေနှင့် လိုက်လာကြသည်..။ ဒီလိုပြောမှ ရှောင်းပါးကိုတောင် လွမ်းသွားသလိုပဲ..။ ပါးနှင့်မတွေ့ရတာ သူ့အသက် ဆယ့်သုံးနှစ်ကတည်းက..။ ခု သူအသက်ဆယ့်ရှစ်နှစ်ဆိုတော့ ငါးနှစ်ရှိပြီ..။

ပါးက စာတွေတော့ ပုံမှန်ရေးသည်..။ ဖုန်းလည်း ခဏခဏဆက်သည်..။ မားကတော့ ခုမှ အပျိုပြန်ဖြစ်ပြီး ကဲလို့ကောင်းတုန်း..။ ဆယ့်ရှစ်နှစ်အရွယ် လူပျိုပေါက် ရှောင်းကျန့်ထက်ပင်ကဲသည်..။ ပြီးတော့ ခုတလော မား ဒိတ်နေသော လူကြီးကို ရှောင်းကျန့် သိပ်ကြည့်မရ..။

ထိုလူကြီးကလည်း ရှောင်းကျန့်ကို သိပ်ကြည့်ရပုံမပေါ်..။ အထူးသဖြင့် သူ Gay လို့ come out လုပ်ပြီးနောက်မှာပေါ့..။ အင်းလေ.. ရှောင်းကျန့်ကိုယ်တိုင်တောင် စစချင်း လက်မခံနိုင်သေး..။ သူ မမလှလှတွေရဲ့ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ကို ကြိုက်ရမယ့်အစား ပေါင်မုန့်ခြောက်ထုပ်ကို ပိုသဘောကျမှန်းသိတော့ လန့်သွားသေးသည်..။

မားကတော့ ဘာမှမပြော..။ သိပ်တော့ သဘောကျပုံမပေါ်..။ ရှောင်းကျန့်ကို ငယ်သေးလို့ စိတ်ကစားတာနေမှာလို့ပဲ ပြောသည်..။ ထိုအချိန်ကစပြီး ရှောင်းကျန့်ညီ ရှောင်းစစ်ကို ပိုအရေးပေးလာသည်..။

ရုတ်တရက် ရှောင်းကျန့်ဖုန်းမှ ringtone ထမြည်လာသည်..။

"ဟဲလို.. ပါး"

"ဟဲလို.. အားကျန့် နေကောင်းရဲ့လား"

"ဟုတ်.. ကောင်းပါတယ်.. ပါးကော"

သူ့ပါးနှင့် မတွေ့ရတာ သိပ်ကိုကြာနေပြီပဲ..။ ပါးဆီ သွားလည်ချင်စိတ်ပေါက်လာသည်..။

"ကောင်းပါ့ဗျား"

"ပါး.. အလုပ်ကော အဆင်ပြေရဲ့လား"

သူ့ပါးက ချုံချင်း အထူးစုံစမ်းစစ်ဆေးရေးမှ ဌာနမှူးတဦး..။

Moonlight SonataTempat cerita menjadi hidup. Temukan sekarang