Part - 4

603 65 51
                                    

ရှောင်းကျန့်၏ တုတ်ထိုးအိုးပေါက် ပြောဆိုမှုကြောင့် သူတို့စကားဝိုင်းက ခေတ္တ တိတ်ဆိတ်သွားသည်..။

ချူးယဲ့က ဝမ်ရိပေါ်ကို လှမ်းကြည့်နေသည်ကို မြင်တော့ ချီဆဲ့က ပြောသည်..။

"ကြည့်နေလဲ အလကားပဲ"

ချူးယဲ့မျက်နှာ နီမြန်းသွားသည်..။

"ငါ.. ငါ မကြည့်ပါဘူး"

"အကောင်းပြောတာ.. သူ့ပုံစံကို ကြည့်ပါလား.. ဖြောင့်တာမှ တကယ့် ချောပေ့ လှပေ့ ကိတ်ပေ့ ဆိုတဲ့ မိန်းကလေးတွေမှ ကြိုက်မယ့်ပုံစံ"

ချူးယဲ့ ခေါင်းငုံ့သွားသည်..။ ဘေးမှ ရှောင်းကျန့်ရင်ထဲမှာလည်း တိတ်တခိုးလေး ဒီပျက်ရှင် ဝင်သွားပြီး ရိပေါ်တို့ ဝိုင်းကို လှမ်းကြည့်မိသည်..။

ဘာလို့ သုံးယောက်လုံး ပြုံးစိပြုံးစိ ဖြစ်နေကြတာလဲ..။

ကျောင်းတက်ရမည့် အချိန်ရောက်တော့ ဝမ်မောင်နှမသုံးယောက်က မှာထားသည်များကို လက်ဖျားနှင့်မျှ မတို့ပဲ ထထွက်သွားကြသည်..။ ရှောင်းကျန့်လည်း လက်ကျန်ကော်ဖီကို ကောက်မော့လိုက်ပြီး ထလာခဲ့သည်..။ နောက်တချိန်က မိုင်နာ Practical ချိန်မို့ နှစ်တန်းပေါင်း တက်ရမည်..။

သူနှင့် ချူးယဲ့က Practical အခန်းထဲ တပြိုင်တည်းလိုလို ရောက်သွားသည်..။ ဆရာက ရှောင်းကျန့်ကို လက်မှတ်အရင်ထိုးစေပြီး ကြိုက်သည့် နေရာ ထိုင်ခိုင်းသည်..။ ရှောင်းကျန့် အခန်းထဲ ဝေ့ကြည့်လိုက်တော့ နှစ်နေရာသာ လွတ်တော့သည်..။ တနေရာက ရိပေါ်ဘေးမှာ..။ နောက်တနေရာက ရှောင်းကျန့်တို့အခန်းထဲက ကောင်လေး ဘေးမှာ..။ သူ့နာမည်က ဝမ်းချောင်ဆိုလား..။

ရှောင်းကျန့် လာထိုင်ပါစေ..

ဝမ်ရိပေါ် တိတ်တဆိတ် ဆုတောင်းမိသည်..။ စကတည်းက ဝံပုလွေကောင် အနံ့က Vampire တွေအဖို့ အတော် အဆင်မပြေတဲ့ အနံ့ဆိုပေမယ့် ဒီကောင်က ဆက်ခံသူမို့လားမသိ.. ပိုဆိုးနေသည်..။ သူ့ဆုတောင်းတွေက ပြည့်ပုံမရ..။ ဖန်ချူးယဲ့က သူ့အနား ဝမ်းသာအားရလှမ်းလာနေသည်..။

သို့သော် သူ ဝင်မထိုင်ခင်လေးတင် ရှောင်းကျန့်က သူ့လွယ်အိတ်ကို စားပွဲပေါ် လှမ်းပစ်တင်လိုက်သည်..။ အမယ်.. ဝံပုလွေကောင်ကို ပြုံးတောင်ပြလိုက်သေး..။ ဖန်ချူးယဲ့က စိတ်ဆိုးမာန်ဆိုး ပုံစံနှင့် ကြည့်ပြီး မတတ်သာပဲ ဝမ်းချောင်နား သွားထိုင်ရတော့သည်..။

Moonlight SonataOpowieści tętniące życiem. Odkryj je teraz