Part - 23

287 42 53
                                    

"ဘယ်လိုလုပ် Vampire တပိုင်း လူသားတပိုင်းဆိုတာ ဖြစ်နိုင်မှာလဲ"

ဖန်ချူးယဲ့က လက်မခံနိုင်ဟန်ဖြင့်ပြောသည်..။ ဒါက ဝံပုလွေတွေ၏ အပတ်စဉ် အစည်းအဝေးမှာ ဖြစ်သည်..။ ဝံပုလွေအကြီးအကဲများကလည်း ယုံရခက်နေဟန်..။ ထိုနေ့က လက်တွေ့မြင်ခဲ့သော ဝံပုလွေတွေကတော့ ယုံကြသည်..။

"မဟုတ်ဘူးနော်.. အဲ့ရှောင်းကျန့်ဆိုတဲ့ကောင်လေးက လူသားထက်တော့ မြန်တယ်.. ကျွန်တော်တို့ အုပ်လိုက်ကြီးဆီကတောင် လွတ်အောင်ပြေးနိုင်တယ်.. သူ့ကို Vampire တွေကလည်း မစားဘူး.. ကာတောင်ကာကွယ်ပေးနေသေးတယ်.. အာ့ကြောင့် ဖြစ်နိုင်သလားလို့"

တကယ်တော့ ရှောင်းကျန့်၏ giftက သူ့ကို ကူညီပေးနေခြင်း..။ လေက ရှောင်းကျန့်ကို အရှေ့ပို့ပေးပြီး ဝံပုလွေတွေကိုတော့ အနောက်မှာ တားဆီးပေးသည်..။ သူ့giftက လေတမန်တော်နှင့် ခပ်ဆင်ဆင်..။ သူ နေရာရွှေ့သွားတာလည်း သူသွားချင်သည့်နေရာကို လေက ခေါ်ဆောင်သွားခြင်း..။

"ငါတို့ Vampire တွေနဲ့ တွေ့ပြီး ဆွေးနွေးကြည့်ရအောင်"

ဖန်ချူးယဲ့မျက်လုံးများ လက်ကနဲ ဖြစ်သွားသည်..။ ဒါဆို...ရိပေါ်နဲ့ တွေ့ရတော့မှာပေါ့..။ သူ့စိတ်ကူးထဲက မင်းသားလေးက Vampire ဆိုတာ သိရတော့ ရုတ်တရက် သူ့နားသူတောင် မယုံချင်ခဲ့..။ ခုတော့ သိသွားပြီ..။ သူတို့က နတ်ဖက်တဲ့ ဖူးစာပဲ..။ နှစ်ယောက်စလုံးက supernatural creatures တွေ..။ ရိပေါ်ကလည်း Vampire King..။ သူကလည်း ဝံပုလွေမျိုးနွယ်ရဲ့ ခေါင်းဆောင်..။ သူတို့သာ လက်ဆက်လိုက်ရင် မျိုးနွယ်နှစ်ခုကြား ပဍိပက္ခတွေလည်း ငြိမ်းချမ်းသွားမယ်..။

"ဆွေးနွေးကြည့်မယ်လေ"

လူသားတွေကသာ သူတို့တွေရဲ့ သားကောင်ပဲ..။ ရှောင်းကျန့်ဆိုတဲ့ကောင်လေး..။ Vampire ဖြစ်နေလည်း အဆင့်ကတော့ သာမန်အဆင့်လောက်ပဲ ဖြစ်မှာ..။ လူသားဆိုရင် ပိုဆိုး..။ ရိပေါ်က စားချင်လို့ မွေးထားတာပဲနေမှာ..။ မကြာပါဘူး..။ သူဆိုတဲ့ ဖန်ချူးယဲ့အလှည့် ရောက်လာတော့မှာ..။

***

တပတ်ကြာပြီးနောက်..

"သူတို့က ဘာပြောတယ်??"

Moonlight SonataWhere stories live. Discover now