Part - 12

452 54 25
                                    

ရှောင်းကျန့် ခန့်မှန်းသည့် အတိုင်းပင်..။ သူ ကျောင်းထဲဝင်လာတော့ တကျောင်းလုံး သူ့ကို ကွက်ကြည့်ကွက်ကြည့်..။ ရှောင်းကျန့် အချိန်ပိုရှိသည်ဟု ပါးကိုညာပြီး စောထွက်ခဲ့သည်..။ ပါးကို မညာချင်ပေမယ့် သူ့မှာ တွေးစရာလေးတွေ ရှိသေးသည်..။ ပါးက ဒီလောကအကြောင်းကို တနည်းနည်းနဲ့ သိသွားရင် ဘယ်လိုလုပ်မလဲ..။ သူ Vampire တကောင်နဲ့ ဒိတ်နေတာကို သိသွားရင်ရော..။ ပါး သဘောတူရင်ကောင်းမှာပဲ..။ စိတ်ညစ်ရသည့်အထဲ လူတိုင်းက ဝိုင်းကြည့်နေသေးသည်..။ dating သတင်းမဟုတ်ပဲ သူက COVID ပထမဆုံးဖြစ်တဲ့သူကြီးကျလို့..။ ကျောင်း Canteen မှာ ရှောင်းကျန့် တတ်နိုင်သလောက် အဝေးဆုံးမှာ ထိုင်သည်..။ တကယ်ပဲ.. ပေကျင်းမှာ သူ come out လုပ်တုန်းက ဒီလောက်ကြီး ဝိုင်းမကြည့်ကြပါဘူး..။

ဖန်ချူးယဲ့ကို သူ့သူငယ်ချင်းများက ဝိုင်းနှစ်သိမ့်နေသည်ကို မြင်တော့ ရှောင်းကျန့် ရှုံ့မဲ့သွားသည်..။ မသိရင် ငါကပဲ စနိုက်ကြော်ကြီးကျလို့..။ ချီဆဲ့နဲ့ နောက်နှစ်ယောက်နာမည်ကိုတော့ သူမသိ..။ တကျောင်းလုံး သိကုန်တာလဲ ဖန်ချူးယဲ့ပြောထားလို့ နေမှာ..။ ဘယ်လိုတွေ ပြောထားလဲတော့မသိဘူး အကြည့်တွေက တမျိုးပဲ..။ ဟော.. အရေးထဲ ချူးယဲ့သူငယ်ချင်း သူ မသိတဲ့တယောက်က လျှောက်လာနေပြီ..။

သူ့ရှေ့မှာ ဝင်ထိုင်လိုက်သော်လည်း ရှောင်းကျန့် မော့မကြည့်မိ..။ လျှာရှည်တော့မယ့်ကောင်ကို လည်ပင်းညှစ်ပစ်ချင်စိတ်ကို မနည်းထိန်းထားရသည်..။

"မင်းနဲ့ ဝမ်ရိပေါ်နဲ့ တကယ်တွဲနေကြတာလား"

ထင်တဲ့အတိုင်း လျှာရှည်ပါပြီ..။

***

ဝမ်ရိပေါ် canteen ထဲ ဝင်လာသည်နှင့် သူ့လူသားလေး ဒေါသထွက်နေသည်ကို ခံစားမိသည်..။

"စိတ်လျှော့"

ဝမ်ရိပေါ် ရှောင်းကျန့်နားနား ကပ်ပြောတော့မှ ရှောင်းကျန့်စိတ်ကို လျှော့ချလိုက်သည်..။

ဟိုတကောင်က မကြား..။ ဝမ်ရိပေါ်က သာမာန်လူတွေ မကြားနိုင်တဲ့ အသံနှင့် ပြောလိုက်ခြင်း..။ ရှောင်းကျန့်ကတော့ ကြားနိုင်သည်..။ သူက Vampire လက္ခဏာတွေ ပိုင်ဆိုင်ထားသော လူသားပေမို့..။ ဒါနဲ့ သူ့လူသားလေးမှာ ဘာတွေမှားယွင်းနေလဲ ဝမ်ရိပေါ် သိချင်လှပြီ..။

Moonlight SonataWhere stories live. Discover now