Part - 11

599 64 40
                                    

သူ့ဆီ လွင့်လာသော ကျောက်စည်ပိုင်းကြီးကို ရှောင်းကျန့်မြင်သည်..။ သို့သော် သူရှောင်ချိန်မရတော့..။ အသုံးမဝင်မှန်းသိသော်လည်း လုပ်မိလုပ်ရာ လက်နှစ်ဖက်နှင့် ကာလိုက်သည်..။

"ဝုန်း"

What the fuck?

ကျောက်စည်ပိုင်းကြီးက အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး ရေတွေက ရှောင်းကျန့်တကိုယ်လုံး ရွှဲစိုကုန်သည်..။ မဟုတ်သေးပါဘူး..။ ဒါ လူငါးယောက်လောက် ဝိုင်းမ,ရတဲ့ စည်ပိုင်းကြီးလေ..။ သူက ဘယ်လိုလုပ်...။

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပါးစပ်အဟောင်းသားနှင့်ကြည့်နေသည်..။ Stanjer က ထွက်ပြေးသွားပြီ..။ သိပ်မကြာ.. Dannyတို့ လေးယောက်လည်း ရောက်လာကြသည်..။

"လမ်းမှာ Stanjerရဲ့ လူတွေနဲ့ တွေ့နေလို့.. အားလုံးအဆင်ပြေလား"

ဘယ်သူမှ ဘာမှမဖြေ..။ ရှောင်းကျန့်စိတ်ထဲမှာ ခုနက သူခွဲပစ်လိုက်သော ကျောက်စည်ကြီးကိုသာ မြင်ယောင်နေသည်..။ ဒါလုံးဝ မဖြစ်နိုင်ဘူးလေ..။

"အရှင်.. ဘာဖြစ်တာလဲ"

ရွှေလန်က ဝမ်ရိပေါ်ကို မေးသည်..။

"ရှောင်း.. သူ.. သူ ဟိုကျောက်စည်ကြီးကို လက်နှစ်ဖက်နဲ့ ခွဲပစ်လိုက်တယ်"

ရွှေလန် ရှောင်းကျန့်ကို လှမ်းကြည့်လိုက်တော့ မျက်လုံးလေး အဝိုင်းသားနှင့်..။

"ဟားဟား.. အရှင်က ဒီလို အချိန်မှာတောင် နောက်နေနိုင်သေးတယ်နော်"

Dannyက ရယ်လျက်ပြောတော့ ဝမ်ရိပေါ် တင်းသွားသည်..။

"ရှောင်း.. ဒီကျောက်တုံးကို ချေကြည့်"

သူ ရှောင်းကျန့်ကို လက်သီးဆုပ်လောက်ရှိသည့် ကျောက်တုံးတတုံးကောက်ပြီး လှမ်းပစ်ပေးလိုက်သည်..။ ဘယ်လူသား ဘယ်လောက် အားသန်သန် ဒီကျောက်တုံးကိုတော့ ခြေနိုင်မှာ မဟုတ်..။

"ဟင့်အင်း.. ဟင့်အင်း.. ကျွန်တော် မလုပ်ချင်ဘူး"

ရှောင်းကျန့် ခေါင်းယမ်းကာ ငြင်းမိသည်..။ သူ Vampireလို ခွန်အားရှိတယ် ဆိုတာ အတည်မပြုချင်ဘူး..။ သူ Vampireအဖြစ် မပြောင်းချင်ဘူး..။

Moonlight SonataWhere stories live. Discover now