Is that you Ethan?

214 33 12
                                    

တနင်္ဂနွေဟာ မိုးတွေညိုလို့ ကမ္ဘာမြေကို စိုစွတ်စေခဲ့တယ်။

မိုးတိတ်ခါစ ညိုမှိုင်းမှိုင်း မြေပြင်ယံဆီက အငွေ့ပျံတက်လာတဲ့ ခပ်သင်းသင်း မြေသင်းနံ့လေးကို တစ်ဝကြီးရှုရှိုက်ရင်း ဘုရားကျောင်းက ခေါင်းလောင်းသံကို ဂျယ်ယွန်းနားစွင့်မိတယ်။

ဘုရားကျောင်းဝင်းထဲ မတ်တပ်ရပ်နေတဲ့ ဂျယ်ယွန်းဟာ တိတ်ဆိတ်နေသော်လည်း တစ်ကိုယ်တည်း ပြုံးနေခဲ့တာ..။

ဘာလို့လဲမေးရင်တော့ ''ကောင်းကင်နိုင်ငံတော်ဆီ အတူလှမ်းချင်မိတဲ့ တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရခဲ့လို့'' ဆိုပြီး ခပ်ပြုံးပြုံး ဖြေမိမယ်ထင်တယ်။

အချို့သော ကာလတွေတုန်းကအထိ တနင်္ဂနွေရောက်တိုင်း ခေါင်းလောင်းသံ ပျံ့လွင့်တဲ့ ဘုရားကျောင်းဆီ လေညင်းတွေနဲ့ လမ်းမပေါ်က သစ်ရွက်ခြောက်ညိုညိုတွေကို အဖော်လုပ်ပြီး သွားလာခဲ့တာဆိုပေမယ့် အခုဆို ဂျယ်ယွန်းနဲ့အတူ ဘုရားသွားကျောင်းတက် လုပ်ပေးမယ့် တွယ်​ငြိရာလေးက ဘေးနားမှာ ရောက်နေပါပကော..။

''ဂျယ်..ယွန်း..ရေ....''

ကောင်းကင်ဘုံက နတ်ဘုရားတွေဆီက တူရိယာသံစဥ်လှိုင်းတွေ ဂျယ်ယွန်းရဲ့နားစည်ထဲ ပျံ့လွှင့်လာတယ်..။

ဘုရားကျောင်းခန်းမထဲကနေ အပြေးတစ်ပိုင်းနဲ့ ထွက်လာတဲ့ အီသန်ဟာ အနားရောက်ရောက်ချင်းမှာတင် ဂျယ်ယွန်းရဲ့ ပုခုံးတွေကို သိမ်းကျုံးဖက်ပစ်လိုက်တာ ခန္ဓာကိုယ်ပါ ယိုင်ထွက်သွားရသည်အထိ..။

ဒါပေမယ့် ဒီအပြုအမူဟာ အီသန်အတွက် ရေခဲချောင်းတစ်ချောင်းစားသလို ပုံမှန်ကိစ္စမျိုးထက်မပိုလှမှန်း ဂျယ်ယွန်း ကောင်းကောင်းကြီး သိပါတယ်လေ..။

ဂျယ်ယွန်းနဲ့အတူရှိလာတဲ့ ကာလတစ်လျှောက်လုံးမှာ ပထမဆုံးအနေနဲ့ အီသန့်ကို ဘုရားကျောင်းခေါ်လာဖူးခြင်းမို့ အတွေ့အကြုံအသစ်၊ လူအသစ်တွေနဲ့ ထိတွေ့ရလို့ ကျေနပ်နေသူဟာ ငှက်မွှေးတောင်လေးလို ပေါ့ပါးတက်ကြွလျက်..။

''ပြန်ရအောင်''

''အင်း...လမ်းထိပ်ရောက်ရင် ကုန်စုံဆိုင်ဝင်ရအောင် ဂျယ်ယွန်း။ အိမ်မှာ ခေါက်ဆွဲထုပ်တွေ မရှိတော့ဘူး။''

Beyond the horizon [Heejake]Where stories live. Discover now