The last day with Ethan

188 23 48
                                    



ခဲရောင် သားမွေးစရဲ့ မျက်နှာပြင်ပေါ် ထိတွေ့နေတဲ့ လ​က်ဖျားတွေမှာ နူးညံ့ခြင်းတွေ ယီးလေးခိုနေလျက်..။

အကောင်းစား သားမွှေးစတွေလိုတော့ နုအိမနေတဲ့ ခဲရောင်ပြေးပြေး ဆွယ်တာထည်မှာ မှတ်ဉာဏ်တွေရော၊ အမှတ်တရတွေပါ ပုန်းတိုင်းဝှက်တိုင်း ဆော့ကစားနေကြတယ်။

ခုတင်ပေါ်မှာ ဖြန့်ချထားတဲ့ ခဲရောင်ဆွယ်တာဟာ ဒီအိမ်မှာရှိတဲ့ အီသန်ရဲ့တစ်ခုတည်းသော ပိုင်ဆိုင်မှုသေးသေးလေးရယ်ပါလေ။ ဂျယ်ယွန်းဆီ သွေးတလပေနဲ့ရောက်လာတဲ့ အမျိုးသားကို ပြန်မြင်ယောင်ကြည့်မိတော့ သည်အင်္ကျီလေးကပါ တစ်ဆက်တည်းတွဲမြင်မိတဲ့အရာပဲ။

လျော့ရဲနေတဲ့ ဆွယ်တာရယ် အနားတွေစုတ်ပြတ်နေတဲ့ ဂျင်းဘောင်းဘီတစ်ထည်ရယ်၊ နောက်ပြီး အားကောင်းကောင်းနဲ့ ချည်နှောင်တော့မယ့် အနာဂါတ်ဆီက ကြိုးစပေါင်းသောင်းခြောက်ထောင်ရယ်။

ခြေဗလာ လက်ဗလာနဲ့ ရောက်လာတယ်လို့ ထင်ရပေမယ့် အမှန်တကယ်တော့ အဲ့ယောကျာ်းက ဂျယ်ယွန်းဆီ မမြင်ရနိုင်တဲ့အရာပေါင်းမြောက်များစွာ ထွေးပွေ့လာခဲ့တာ။

မနက်ဖြန်ဆို အီသန်ပြန်တော့မယ်။

ကလေးဆန်သယောင်နဲ့ တည်တည်ငြိမ်ငြိမ်ပြုစားတတ်တဲ့ ယောကျာ်းရဲ့အငွေ့အသက်တွေ မနက်ဖြန်ကစလို့ ဒီအိမ်မှာရှိတော့မှာမဟုတ်ဘူး။

မြေအိုးတွေကြား ပြေးလွှားနေမယ့် ကျောပြင်ကျယ်ကျယ်၊ အခန်းထောင့်နားက ကြိမ်ခုံပေါ်ထိုင်ရင်း စာဖတ်နေမယ့် ပုံရိပ်ကလေး၊ ဖန်ခွက်ကို လက်နှစ်ဖက်လုံးနဲ့ကိုင်ပြီး လိမ္မော်ရည်သောက်တတ်တဲ့ အမူအရာလေး၊ ညရောက်တိုင်း ဂျယ်ယွန်းစာဖတ်ပြဆိုပြီး ပူဆာမယ့် အသံကြည်ကြည်လေး..။

မနက်ဖြန်ကစပြီး ဒီအိမ်ဟာ အချစ်ရဲ့အဝေးမှာ ပြန်ခြောက်ကပ်ရဦးမယ်ဆိုတာကို တွေးမိလိုက်တော့ ဂျယ်ယွန်းမျက်ဝန်းတစ်စုံမယ် ဝမ်းနည်းခြင်းတွေ ငွေ့ရည်ဖွဲ့လို့ အခြေချလာတယ်။

ဂျယ်ယွန်း ဆွယ်တာလေးကို သေချာပြန်ခေါက်လိုက်ရင်း အနားမှာရှိတဲ့ စက္ကူဘူးလေးထဲ အရာမယွင်းစေရအောင် ဖြည်းဖြည်းချင်းထည့်တယ်။ စုတ်ပြဲနေတဲ့ ဂျင်းဘောင်းဘီကတော့ စရောက်ကတည်းက ဂျယ်ယွန်း အမှိုက်ပုံဆီ သွားရောက်ချီးမြှင့်ခဲ့ပြီးပြီမို့ အိမ်ပြန်မယ့်သူအတွက် သည်ဆွယ်တာလေးသာ အဖော်ရှိပါတယ်။

Beyond the horizon [Heejake]Where stories live. Discover now