Sim Jae..

174 34 47
                                    

''အစ်ကိုရှင်းမ်..အားတော့နာပေမယ့် ကျွန်တော်မနက်ဖြန် အစ်ကိုဟီဆွန်းကို လာမခေါ်နိုင်လောက်တော့ဘူးထင်တယ်''

''ဟင်..ဘာဖြစ်လို့လဲ?''

''ဟို..ကျွန်တော် မိသားစုကိစ္စကြောင့် ဆိုးလ်ကိုပြန်ရမှာမို့ပါ။ အစ်ကို့ကိုအတူခေါ်သွားဖို့ကျ အဆင်မပြေလို့..အစ်ကိုရှင်းမ် သိပါတယ်။''

''အဲ့..အဲ့တော့...အီသန်က ဘယ်လိုဖြစ်ရောလဲ ညီရဲ့..။ဟင်?''

''အစ်ကိုဟီဆွန်းကိုလည်း ကျွန်တော် သေချာပေါက်တောင်းပန်လိုက်မှာမို့ ဒီတစ်ပတ်လောက် ထပ်ပြီး စောင့်ရှောက်ထားပေးလို့ရမလားဗျ''

ညကြီးအချိန်မတော် ဝင်လာခဲ့တဲ့ ဖုန်းတစ်ကောလ်က ကြိုးစားပမ်းစားချထားရတဲ့ အစီအစဥ်တွေအကုန်လုံးကို မျက်စိတစ်မှိတ်အတွင်း ပြောင်းပြန်လှန်ပစ်လိုက်နိုင်မှန်း ဂျယ်ယွန်းဖြင့် တစ်ခါလေးမှတောင် မတွေးခဲ့ရိုးဖူးဘူး။

ဦးနှောက်အတွန့်အခေါက်တစ်ခုချင်းစီမှာ အမြစ်ကုတ်တွယ်ကျန်ခဲ့တဲ့ နားမလည်နိုင်ခြင်းပေါင်းများစွာနဲ့ ဂျယ်ယွန်း အိပ်ချိန်ပါပျောက်ခဲ့တယ်။

ဘာအကြောင်းတွေကြောင့် အီသန့်ကိုလာခေါ်မယ့် အစီအစဥ်ကိုတောင် ဖျက်ပစ်လိုက်ရသလဲ၊ ဂျပန်သွားမယ့် အကြံအစည်က ဘယ်လိုအကြောင်းအရာရဲ့ နင်းချေမှုကို ခံလိုက်ရသလဲဆိုတာကို ဂျယ်ယွန်းဦးနှောက်မှာ ဉာဏ်မမီနိုင်ဖြစ်ရတယ်။

ပတ်ဆောင်းဟွန်းနဲ့အီသန်ရဲ့ ဆက်ဆံရေးကို မိဘဖြစ်သူတွေက အကြောက်အကန် ကန့်ကွက်နေကြမှန်း ပတ်ဆောင်းဟွန်းကတော့ ပြောပြဖူးသား..။

ဒါပေမယ့် ''အရာအားလုံးကို ကျောခိုင်းပြီး အစ်ကို့ကို ရွေးချယ်တော့မှာပါ'' ဆိုတဲ့စကားကို တဖျက်ဖျက်တောက်နေတဲ့ မျက်ဝန်းတွေနဲ့ပြောခဲ့ဖူးတဲ့ ကောင်ငယ်လေးတစ်ယောက်ရဲ့ ပုံရိပ်ကို ပြန်မြင်ယောင်ကြည့်မိတော့ ''ငါများဘာတွေလွတ်သွားသေးလဲ'' ဆိုတဲ့အတွေးက အိုးသည်လေးဆီ ခိုကပ်ရဲ့။

အီသန့်ကို ပြန်ပြောပြဖို့ ခိုင်လုံတဲ့အကြောင်းပြချက်ကိုလည်း ဂျယ်ယွန်းကိုယ်တိုင် မသိရတာမို့ မကျယ်ပြန့်လှတဲ့ အတွေးအခေါ်ကမ္ဘာလေးထဲ တဝဲလည်လည်ဖြစ်ရင်း အိပ်စက်ဖို့နာရီတွေကိုတောင် မျက်နှာလွဲထားမိတော့တာပဲ။

Beyond the horizon [Heejake]Where stories live. Discover now