The night

175 34 21
                                    

စာရွက်တွေကို တဖျောဖျော လှန်လိုက်သလိုမျိုး နွေရာသီရဲ့ ဝါကျင်ကျင် နေ့ရက်တွေကလည်း လျင်မြန်စွာပဲ ကုန်ဆုံးလာတယ်။ နွေဂိမာန်ရဲ့ နောက်ဆုံးလ၊ မကြာခင်မှာ ရွက်နီတွေဝေမယ့် ဆောင်းဦးတောင် ရောက်တော့မှာပဲ။ အီသန် သူနဲ့အတူရှိနေတာ ရက်တွေ အများကြီး ကြာခဲ့ပြီရော..။

ဂျယ်ယွန်းအတွက် ဒီရက်ပိုင်းတွေကတော့ အီသန်မှတ်ဉာဏ်တွေပြန်ရသွားခဲ့ရင် ဆိုတဲ့ အတွေးက နှိပ်ဆက်ကလူတာမို့ နည်းနည်းဝမ်းနည်းရပေမယ့် အစစအရာရာကတော့ အဆင်ပြေနေတုန်းပါပဲ..။

အီသန့်ကို မှတ်ဉာဏ်ပြန်မရစေချင်တာတော့ မဟုတ်သော်ငြား မခွဲခွာချင်သေးဘူးလို့ နှလုံးသည်းစိုင်မှ ဟစ်ကြွေးလာတဲ့ မိနစ်တွေကြားမှာ မျက်ရည်ကြည်တွေလည်း မကြာခဏဆိုသလို ဝေ့ခဲ့ဖူးပါပြီ။

ချစ်ခြင်းတွေရော၊ မေတ္တာတွေရော၊ သံယောဇဉ်တွေရောက ဂျယ်ယွန်းရဲ့ကမ္ဘာမှာ ရှင်းမရနိုင်တဲ့ ပိုးချည်မျှင်တွေလို..။

ကောင်းကောင်းအိပ်ပျော်နိုင်အောင်လို့ ညတိုင်းသောက်ဖြစ်တဲ့ ဂန္ဓာမာပန်း လက်ဖက်ရည်ခွက်လေးတောင် ဒီညတော့ ဂျယ်ယွန်းဘေးက စားပွဲပေါ်မှာ အခုထိ အရာမယွင်းသေးဘူး။

တောင်စဉ်ရေမရ အတွေးတွေကိုသီရင်း လသာဆောင်ကနေ ကောင်းကင်မျှော်ကြည့်လို့ ကြယ်တွေကို မမောမပန်း ရေတွက်နေတဲ့ ဂျယ်ယွန်းကို အီသန်တွေ့ရင် ဘာပြောမလဲ မသိ။

အမှန်တော့ ကြယ်တွေကို ရေနေတာမဟုတ်ဘူး..။မင်းမျက်ဝန်းတွေကို ငေးနေတာ။

ဒါပေမယ့် မင်းမျက်ဝန်းတွေကို မီအောင်တောက်ပတဲ့ကြယ် ခုထိ တစ်လုံးမှမတွေ့သေးဘူးကွယ်။
ဟုတ်သား...အီသန့်မျက်ဝန်းက ကြယ်စင်မျက်ဝန်းမှ မဟုတ်တာ၊ စကြာဝဠာမျက်ဝန်းလေ။ ကြယ်တွေထက် အများကြီးပိုတောက်ပပြီး အများကြီး ပိုလေးနက်တယ်။

ဂျယ်ယွန်း ကိုယ့်အတွေးနဲ့ကိုယ် သဘောတကျ ပြုံးမိပြန်တယ်။

''ဂျယ်ယွန်း''

ရင်းနှီးပြီးသား ခြေသံ၊ အလွတ်ရနေတဲ့ ခေါ်သံလေးနဲ့ နွေလေပြေကြောင့် ဂျယ်ယွန်းရဲ့ နှာဖျားဆီ လာတိုးဝှေ့တဲ့ ကိုယ်သင်းနံ့လေးကြောင့် ဂျယ်ယွန်းရဲ့ brain cell တွေက အလိုအလျောက် သူဘယ်သူဆိုတာ သိနှင့်နေပြီးပြီ။

Beyond the horizon [Heejake]Where stories live. Discover now