THE END or THE BEGINNING

182 28 16
                                    

ဒီရက်ပိုင်းတွေဟာ ဟီဆွန်းအတွက် အထူးစီမံထားတဲ့ ငရဲတွေလို့တောင် ခေါ်ဝေါ်သမုတ်လို့ ရပါရဲ့..။

မိန်းလမ်းမပေါ်လျှောက်တိုင်း နံဘေးမှာ အတူကပ်ပါတတ်တဲ့ ပုခုံးစွန်းလေး ပျောက်နေခဲ့သလို အမြတ်တနိုးထိတွေ့ဖူးတဲ့ မဟူရာရောင်ဂြိုလ်မွှားလေးကိုလည်း ဟီဆွန်းရဲ့လက်ဖျားတွေ တမ်းတမ်းတတ လွမ်းချင်းငြီးနေလောက်အောင် တစ်စုံတစ်ယောက်သောသူဟာ ပျောက်ချက်သား ကောင်းလွန်းလှတယ်။

နှစ်ယောက်အတူdateလုပ်ခဲ့တဲ့နေ့ပြီး နောက်ရက်ကစလို့ Engineeringမေဂျာရဲ့ စင်္ကြန်လမ်းတွေပေါ်မှာ ပြေးလွှားနေကျ အဖြူရောင်ဖြစ်တည်မှုလေးဟာ သုံးရက်လောက် ကျောင်းမှာ ပေါ်မလာရုံနဲ့တင် ဟီဆွန်းကို နှိပ်ဆက်ရတာမလုံလောက်လို့ ဖုန်းမဆက်အသွယ်ကအစ ဖြတ်တောက်ခဲ့လေသလား တွေးချင်စရာရယ်..။

ဟွန်းငယ်ဟာ အကြောင်းအရင်းမရှိ သူ့ကိုဒီလိုအဆက်အသွယ်ဖြတ်မယ့်သူမဟုတ်ဘူးလို့ တွေးမိတိုင်း စိိတ်ပူခြင်း မြားချက်တွေအောက် အတုန်းအရုန်းလဲပြိုသွားတဲ့ ခဲရောင်မှိုင်းမှိုင်း သက်ရှိဟာ အီဟီဆွန်းတစ်ယောက်ပဲ..။

ဧကန္တ အိမ်ကများ သိသွားလေလျော့သလား။ ဟီဆွန်းနဲ့တွဲနေတာကို အိမ်ကသိသွားလို့ ကလေးကို အိမ်မှာပဲ ပိတ်ထားကြတာလား။

ကျန်းမာရေးရော ကောင်းပါလေစကွယ်..။
အစ်ကို့ဖုန်းကောလ်တွေကို လက်မခံနိုင်လောက်တဲ့အထိ ဘယ်ကမ္ဘာက အယုတ္တအနတ္တရောဂါပိုးက ကို့ကလေးလေးဆီ ကပ်ရောက်ဝံ့သတဲ့လဲ..။

Engineering နေဂျာဆီက ဂျူနီယာတွေသတိထားမိလောက်သည်အထိ တစ်နေ့သုံးခေါက်မက ဝေ့လည်းကြောင်ပတ်သွားလုပ်နေတတ်တဲ့ဟီဆွန်းကို အချို့လူတွေ တီးတိုးတီးတိုး မေးငေါ့လှပြီ..။

သို့သော်ငြား ဦးနှောက်မှာရော နှလုံးသားမှာပါ ဆောင်းဟွန်းငယ်ကိုသာ အပြည့်အဝ နေရာပေးထားသူမို့ ဘေးပတ်ဝန်းကျင်ကို ခံစားချက်မရှိ၊ကိုယ်ချင်းစာတရားကင်းမဲ့တဲ့ ခြောက်ကပ်ကပ် ပလတ်စတစ်တစ်အိတ်လိုသာ သဘောထားရင်း အသက်ဓာတ်ကလေးကိုသာ အပြေးအလွှားရှာဖွေရပါတယ်..။

Beyond the horizon [Heejake]Where stories live. Discover now