Lost the way

160 24 37
                                    



''ကျွန်တော်က ပြေးနေတာ..။ လူတွေအများကြီးကြားထဲမှာ တစ်စုံတစ်ခုရဲ့ လက်ကလွတ်မြောက်ချင်နေတဲ့သူလိုမျိုး အားကြိုးမာန်တက်..။''

''ကျွန်တော့်နောက်ကို လူသုံးယောက်က အပြေးလိုက်နေတယ်။ နောက်ပြီး သူတို့က ကျွန်တော့်ကို ဝိုင်းရိုက်နှက်ကြတယ်။''

တဖြည်းဖြည်း စဥ်းစားသယောင်ပြုကာ ပြန်ဖော်နေတဲ့ မှတ်ဉာဏ်အပိုင်းအစအချို့ရဲ့ ငြီးတွားသံသဲ့သဲ့ကို နားထောင်ပေးနေရင်း စိတ်ဘဝင်မကျစရာ အကြောင်းအရာတစ်ခုကြောင့် ဆောင်းဟွန်းရဲ့ ခပ်နက်နက်မျက်ခုံးတန်းတွေ အလိုအလျောက် တွန့်ချိုးသွားခဲ့တယ်။

ဆောင်းဟွန်းရဲ့ နံဘေးမှာထိုင်နေတဲ့ ရှင်းမ်ဂျယ်ယွန်းဆိုတဲ့ အစ်ကိုလည်း ဆောင်းဟွန်းလို ထပ်တူထပ်မျှ တုံ့ပြန်ခြင်းကို ပြုတာပဲ။

ဆောင်းဟွန်းက အစ်ကိုဟီဆွန်းလို့ ခေါ်ဝေါ်ပြီး အစ်ကိုရှင်းမ်နှုတ်ဖျားတွေကတော့ အီသန်လို့အမည်ကင်ပွန်းတပ်ထားပေးခြင်း ခံရသူတစ်ယောက်ကတော့ ညှိုးရော်သယောင်နဲ့ တည်ငြိမ်ခြင်းကိုပါ တစ်ပြိုင်တည်းဖော်ဆောင်တဲ့ မျက်နှာထားမျိုးကို အပီအပြင် လက်ဝယ်ရယူထားလျက်ကနေ သူပြန်မှတ်မိသမျှ မှတ်ဉာဏ်သေးသေးလေးကို ပြန်မျှဝေပေးနေတယ်။

''သူတို့က ဘယ်သူတွေလဲ ဆိုတာကိုရော အစ်ကိုမှတ်မိလား''

ညှင်သာခြင်းအတိပြီးလေတဲ့ မေးခွန်းသံကို ခေါင်းခါပြီးအဖြေပြန်ပေးလာသူကတော့ ဘာကြောင့်ရယ်မသိ ဆောင်းဟွန်းကိုကျော်လို့ အစ်ကိုရှင်းမ်ဂျယ်ယွန်းကိုသာ ခဏခဏဝေ့ကြည့်ခြင်း ပြုနေလျက်..။

တောအုပ်အလယ် ပြေးလွှားနေတဲ့ ဒရယ်တစ်ကောင်ရဲ့မျက်ဝန်းတွေလို ကြည်တောက်တောက် မြင်လွှာထဲ ဆောင်းဟွန်းကိုကြည့်တုန်းကထက် သေးသေးလေးပိုသာနေတဲ့ အားကိုးရိပ်ကို ဖမ်းမိလိုက်ပြန်တော့ ဝဲဘက်ရင်အုံမယ် ကြောက်ရွံ့ခြင်း ကျိန်စာက ခပ်သာသာလေး ရစ်ပတ်ပြန်တယ်။

အစ်ကိုသာ ဆောင်းဟွန်းမဟုတ်တဲ့ အခြားသက်ရှိတစ်စုံတစ်ဦးကို ရစ်တွယ်သွားခဲ့ရင်ဆိုပြီး အသည်းအသန်ကြောက်တဲ့ ကျိန်စာ..။

Beyond the horizon [Heejake]Where stories live. Discover now