''အဲ့တော့......အီသန်..မဟုတ်ဘူး၊ အီဟီဆွန်းက မင်းနဲ့အသိမိတ်ဆွေတွေပေါ့။''
အညိုရောင်ပြေးတဲ့ ကော်ဖီဆိုင်လေးရဲ့ ထောင့်ကျကျတစ်နေရာကနေ အက်ကွဲခြောက်ကပ်နေတဲ့ အသံစိုင်တစ်ခု ပျံလွင့်လာတယ်။ လည်ချောင်းတစ်လျှောက် စို့နစ်နေတဲ့ ဝမ်းနည်းခြင်း အဆိပ်ပြင်းပြင်းတွေကို ဂျယ်ယွန်းမျိုချလိုက်တဲ့ ခါးသက်သက်ကော်ဖီတစ်ငုံက မတိုက်စားနိုင်ဘူး တူပါရဲ့..။
အောက်ဆီဂျင်ပြည့်နေတဲ့ လေထုကြား ငုတ်တုပ်ထိုင်နေပါသော်လည်း တင်းကျပ်လာတဲ့ လည်တံမှာ နာကျင်ခြင်းတွေက အားကောင်းကောင်းနဲ့ ချည်နှောင်တော့ ဂျယ်ယွန်းမယ် အသက်ရှုဖို့ရန်မှာ မတတ်စွမ်းသာတော့..။
အသိမိသားစုနဲ့ ပြန်တွေ့တဲ့အခါ ဝမ်းမြောက်ဝမ်းသာ ပြုံးရယ်လို့ နှုတ်ဆက်စကားဆိုရမယ်လို့ ထင်ထားမိသော်လည်း မြင်မြင်ချင်းမှာတင် တဖျက်ဖျက်လက်နေတဲ့ ပင်လယ်ထဲ နစ်မြုပ်ခဲ့ရသူမို့ မကွဲကြေရုံတမယ် ကြယ်အပိုင်းအစတွေကို ဂျယ်ယွန်း ဘယ်အပြုံးတွေနဲ့ သီနိုင်ပါတော့မလဲ။
''ဆိုးလ်ကနေ ဒီမြို့လေးကို ဘယ်လိုရောက်လာတာလဲ ကျွန်တော်တွေးလို့တောင်မရဘူး။ ဒီအတောအတွင်း အစ်ကိုနဲ့ပဲ အတူနေနေခဲ့တာပေါ့။''
''ဟုတ်ပါတယ်။ သူ..စတွေ့ကတည်းက အစ်ကိုနဲ့အတူရှိနေပေးခဲ့တာ။''
ဘယ်လို အသံလှိုင်းမျိုးမှ မလူးလွန့်တော့တဲ့ အမျိုးသားနှစ်ဦးကြား ခပ်သဲ့သဲ့ သက်ပြင်းချသံတွေကသာ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာခဲ့တယ်။
ထွေပြားနေတဲ့ စိတ်အာရုံတွေကြား မရမကရုန်းထွက်နေပေမယ့် သူမပါတော့မယ့် အနာဂါတ်ကို ဖျက်ခနဲမြင်ယောင်လိုက်မိတော့ ဂျယ်ယွန်း အသက်ရှင်ခြင်းကိုတောင် သွေဖယ်ချင်လာမိတယ်။
ဘဝမှာ အချစ်က ပထမအရေးအကြီးဆုံးအရာမဟုတ်ဘူးလို့ မဆိုခင် အီသန်မရှိတဲ့ စက္ကန့်တွေမှာ နေပျော်စေမယ့် နည်းလမ်းတစ်ခုလောက် အရင်ပြောပေးကြဖို့တော့ လိုလိမ့်မှာ..။
ဂျယ်ယွန်း သူ့ကို အများကြီး မချစ်ခဲ့သင့်ဘူး..။
''ဒါဆို...အရင်ဆုံး..။ အီသန်..အာ..အစ်ကိုဟီဆွန်းကို သေချာနားချပြီးတော့.. ငါ့ညီနဲ့ ပြန်ထည့်ပေးလိုက်ပါ့မယ်။ ဒါပေမယ့် ညီ.....သူ့ကို အများကြီး ဖိအားမပေးပါနဲ့နော်။ အစ်ကို ဒီတစ်ခုကိုတော့ အနူးအညွှတ် တောင်းဆိုပါရစေ။''
YOU ARE READING
Beyond the horizon [Heejake]
Fanfictionမင်းမျက်ဝန်းတွေမရှိရင် ငါ့ကမ္ဘာက ကာလာမဲ့တဲ့ ပန်းချီ