Please,...

164 25 24
                                    


''မနေ့က ကိစ္စအတွက် ငါတောင်းပန်ပါတယ် အီသန်''

ပြတင်းပေါက်နံဘေးက ထိုင်ခုံပေါ် နုနုရွရွလေးထိုင်နေရင်း အညိုရောင်ရေဒီယိုအိုဆီက တိုးသဲ့သဲ့ တေးသွားအပိုင်းအစတွေကို နားဆင်နေသူကို မဝံ့မရဲနိုင်စွာ ဂျယ်ယွန်းတောင်းပန်တိုးလျှိုးမိလေတော့ ငဲ့ကြည့်လာတဲ့မျက်ဝန်းတစ်စုံရဲ့ စူးရှမှုအောက် ခေါင်းငုံ့ရှောင်ပြေးရုံသာ တတ်နိုင်တော့တယ်..။

မနေ့က ဂျယ်ယွန်းကျူးလွန်လိုက်မိတဲ့အမှားက ကမ္ဘာနဲ့ချီပြီးပြန်ဆပ်ရလောက်တဲ့ အကြီးမားဆုံးသောအမှား..။

အီသန့်ဆီက တူညီတဲ့တုံ့ပြန်မှုမျိုး ပြန်ရခဲ့တယ်ဆိုပေသိ ဂျယ်ယွန်းကတော့ ကိုယ့်ကိုယ်ကို အပြစ်တင်လို့ရယ် မဆုံးတော့ပါဘူး။

မဟုတ်တောင် ချည်နှောင်ခံထားရတာ တော်တော်လေး ရုန်းရခက်နေပြီကို..။

ဂျယ်ယွန်းထင်ရာဆိုင်းပြီးကာမှ မနေ့ကတစ်နေကုန်လုံး အီသန့်ကို ပတ်ရှောင်နေမိတာကလည်း အူကြောင်ကြောင် နိုင်ကောင်းနိုင်နေလိမ့်မယ်။

ရှက်ရွံ့စိတ်၊ ကြောက်ရွံ့စိတ်၊ ကိုယ့်ကိုယ်ကို ပြန်ရွံရှာစိတ်တွေပေါင်းပြီး စိတ်အစဥ်တစ်ခုလုံး မီးပြိုက်ပြိုက်လောင်ကျွမ်းလေသလို ပူလောင်လွန်းလှတာမို့ အိမ်ရောက်လာတဲ့ ပတ်ဆောင်းဟွန်း ဆိုတဲ့လူငယ်ရှေ့ ဂျယ်ယွန်းမှာ လူမသိသူမသိ အပြစ်သားလုံးလုံးဖြစ်ရပါတယ်။

'' ဒါပေမယ့် ကိုယ်ရော.....''

''မင်းလည်း ငါ့ကို ခဏတာ အသိစိတ်လွတ်သွားလို့ဖြစ်မှာပါ။ ငါဘက်ကစတဲ့ အမှားပေမို့ ငါတစ်ယောက်တည်းမှာပဲ အပြည့်အဝ အပြစ်ရှိပါတယ်။''

''တောင်းပန်ပါတယ်..အဲ့နှုတ်ခမ်းတွေက သက်ဆိုင်သူရှိပြီးသားဆိုတာ ငါမေ့သွားတယ်။ အီသန် ငါ့ကို မုန်းခွင့်ရှိတယ်နော်..။ မုန်းပါအီသန်..မုန်းလိုက်ပါ ငါ့ကို။''

ဂျယ်ယွန်း နှုတ်ကလည်း တဖွဖွရွတ်ရင်း စိတ်ထဲကပါ တောင်းဆုပြုမိပါရဲ့။အီသန်သူ့ကို မုန်းလိုက်မယ်ဆို ဂျယ်ယွန်း နည်းနည်းတော့ လက်လွှတ်ဖို့အတွက် ​ဖြေသာရာလေး ရလိမ့်မှာ..။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကိုမုန်းသွားပြီပဲ ဆိုပြီးတော့။

Beyond the horizon [Heejake]Where stories live. Discover now