Part-1

135 18 0
                                    

                                 Part-1

" ငါသူ့ကို ကြည့်မရဘူး ဝန်နူး "

စိတ်တိုစွာ ပြောနေသော မင်ဂယူအား ကြည့်ကာ ဝန်နူးသက်ပြင်းကို ဖြည်းညင်းစွာချလိုက်မိသည်။

" ငါ့အိမ်ပေါ် လာနေရင် ကောင်းကောင်းမွန်မွန် မနေပဲ ပြသနာတွေတခုပြီးတစ်ခု ရှာနေတာကိုကြည့်မရဘူး အဖေပြောတဲ့ စီးပွားဖက်ရဲ့သားမို့ အိမ်ပေါ်ခေါ်တင်ထားတယ်ဆိုတဲ့ အဓိပ္ပာယ် တစ်စက်မှမရှိတဲ့ အကြောင်းပြချက်တွေကိုလဲ မုန်းတယ် သူက ငါ့နေရာကို သိသိသာသာ ဝင်ယူနေတာ ငါ့အဖေက ငါ့ထက်တောင်သူ့ကိုဂရုစိုက်နေသေးတယ်"

"မင်းအဖေပြောသလို ဂျောင်းဟန် အဖေက စီးပွားဖက်မို့အားနာလို့တင်ထားတာနေမှာပါ စိတ်လျှော့ပါ"

"အားနာလို့တင်ခေါ်ထားလဲ တပါတ်လောက်နေရင်တော်ရောပေါ့ အခုက တစ်လပြည့်တော့မယ် ဒီကြားထဲ အဲ့ဟာလေးက ပြသနာတွေတခုပြီးတစ်ခု ရှာတယ်"

"အဲ့ပြသနာတွေအကုန်လုံးက မင်းသွားစတာမဟုတ်ဘူူးလားမင်ဂယူ"

မင်ဂယူ အသံတိတ်ကျသွားသည်။ တကယ်လဲဟုတ်ပါသည်။ ပြသနာတွေအကုန်က သူ အဲ့ဒီယွန်းဂျောင်ဟန်ဆိုတဲ့တစ်ယောက်ကိုအိမ်မှာမနေစေချင်လို့ရှာတဲ့အရာတွေချည်းပဲလေ …။

"ငါ အိမ်ပြန်တော့မယ် ဝန်နူး ဆမ်နဲ့ဒီနေ့ချိန်းထားလို့"

"အိုခေ ဆမ်နဲ့ပျော်ရွှင်ပါစေ"

ဆမ် ဆိုသည့်ကောင်လေးမှာ မင်ဂယူရဲ့အီစီကလီလေးဖြစ်သည်။ အခြားသူတွေနဲ့ဆိုရင် မင်ဂယူအကြာကြီး မမြဲတတ်ပေမဲ့ ဒီကောင်လေးနဲ့တော့ အချိန်အကြာကြီး မြဲနေလေသည်။

ဆမ်ရှိမည့် ဘားကိုထွက်လာကာ ဆမ့်ကို ဝင်ခေါ်ပြီးမှ အတူပျော်ပါးဖို့ အိမ်သို့ကားကိုပြန်မောင်းလာခဲ့လိုက်သည်။

ကားကို ခပ်ကြမ်းကြမ်းမောင်းခဲ့ရင်း အိမ်နားရောက်တော့ခြံဝမှာ ရပ်နေသော ဟိုကောင်လေးကို မြင်လိုက်ရသည်။

မင်ဂယူ မဲ့ပြုံးတစ်ခုကို ပြုံးလိုက်မိသည်။ ဒီကောင်နဲ့က တကယ့်ကိုရေစက်ဆိုးပဲ

"ဆမ် ကိုယ့်ကိုမနမ်းချင်ဘူးလား"

" ကိုကို့ ဟိုလူက ရပ်ကြည့်နေတယ်  "

O P P O S I T E  (Ongoing)Tempat cerita menjadi hidup. Temukan sekarang