Part-10

86 14 0
                                    

                                Part-10

အိမ်ပြန်ရောက်တော့ ယွန်းဂျောင်းဟန်ကို  အခန်းထိ လိုက်ပို့ပေးလိုက်ပြီးမှ မင်ဂယူအောက်ထပ်သို့ ပြန်ဆင်းလာခဲ့လိုက်သည်။ သူတို့ထက်အရင် အိမ်ပြန်ရောက်နေသော ဖေဖေ့ကိုတော့ လမ်းမှာ အကျိုးအကြောင်း ဖုန်းဆက်ကာ ပြောပြထားခဲ့သည်။

ဖေဖေ့ရဲ့စာကြည့်ခန်းထဲ ဝင်လာတော့ အလုပ်စားပွဲမှာ ထိုင်နေသော ဖေဖေ့ကိုတွေ့ရလေသည်။

သူဝင်လာသည်ကို မြင်သည်နှင့် ဖေဖေက ထိုင်နေရာမှ မတ်တပ်ထရပ်လာခဲ့သည်။

" မင်ဂယူ ဂျောင်းဟန်ကော"

"အခန်းထဲပို့ခဲ့တယ် အခုထိကြောက်နေသေးလို့"

" သူ့ကိုဓားနဲ့လိုက်တဲ့သူကို သားတွေ့ခဲ့သေးလား"

"ဟင့်အင်း မတွေ့ခဲ့ဘူး ဖေဖေ ကျတော်ရောက်တော့ ဂျောင်းဟန် တစ်ယောက်ထဲပဲ "

"ကြည့်ရတာ အိုလုပ်ငန်းစုက ဂျောင်းဟန်ရှိတဲ့နေရာကို သိသွားပြီထင်တယ် ဂျောင်းဟန်အတွက် အန္တရာယ် ရှိနိုင်တယ်"

" သူတို့ဘက်က လူပေါ့ အခုက"

"ဟုတ်လိမ့်မယ် ဂျောင်းဟန်ကို အခုလိုဖြစ်စေချင်တာ အိုလုပ်ငန်းစုပဲရှိတာ ဖေဖေ ဂျောင်းဟန်အတွက် လုံခြုံရေးတွေ ထပ်ပြီးတိုးထားမှထင်တယ် "

ဘာပြောရမလဲမသိသဖြင့် သူခေါင်းညိမ့်ပြလိုက်သည်။

" သားလဲသွားနားတော့ လေ ဒီနေ့အတွက် ဖေဖေသားကို ကျေးဇူးတင်ပါတယ်"

"ရပါတယ် အဲ့ဒါဆိုကျတော်သွားပြီ"

………………………………

" အဲ့လိုဆို အဲ့ဒီကောင်လေးကို လိုက်နေတဲ့သူတွေရောက်လာပြီပေါ့"

ဝန်နူးတို့အိမ်လာလည်ရင်း ဂျောင်းဟန် ကြုံတွေ့ခဲ့သည့်အရာတွေကို ပြောပြမိတော့ ဝန်နူးက သူ့ကိုပြန်မေးလာခဲ့သည်။ ယုံကြည်ရသည့်သူငယ်ချင်း ညီအကိုလို ဖြစ်နေတာကြောင့်လဲ သူ စိတ်ချလက်ချ ပြောပြဖြစ်ခြင်းဖြစ်သည်။

" အေး ငါနဲ့ထိပ်တိုက်မတွေ့ပေမဲ့ အဲ့လိုဖြစ်တာနှစ်ခါရှိပြီ"

O P P O S I T E  (Ongoing)Where stories live. Discover now